စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားလသည့် စစ်ကောင်စီတပ်ကို ကသာခရိုင်တပ်ရင်း(၂) မြေပြင်ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၉ဦးသေဆုံးခဲ့ကြောင်း Indaw Revolution က ဖော်ပြသည်။
ဇွန်လ ၁၄ရက် နံနက် ၉နာရီခွဲခန့်တွင် အင်းတော်မြို့နယ် အလယ်ဆိပ်ရွာဘက်သို့ စစ်ကြောင်း သုံးကြောင်းဖြင့် ခွဲတက်လာသည့် အင်အား ၉၀ကျော်ရှိ စစ်ကောင်စီတပ် ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၉ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများစွာရှိနိုင်ကြောင်း၊ သေဆုံးစစ်ကောင်စီတပ်ဖွဲ့ဝင်များအလောင်းကို သယ်ဆောင်သွားကြောင်း ဖော်ပြထားသည်။
“ကျွန်တော်တို့ဘက်မှ ရဲဘော်တွေတော့ အထိခိုက်မရှိ အန္တရာယ်ကင်းကင်း ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု ထုတ်ပြန်ခဲ့သည်။
