အကြမ်းဖက် စစ်တပ်၊ ရဲနှင့်ထောက်တိုင်များ၏ လှုပ်ရှား မှုနှင့် ကိုယ်ရေးအချက်အလက်များ၊ စစ်ရာဇဝတ်မှုများ ၊အကြမ်းဖက်မှုများ၊ စစ်ယာဉ်တန်း ရွေ့လျားမှုများနှင့် တပ်တည် တပ်လှုပ်ရှားများ၊ ဒေသတွင်း အရေးကြီးဖြစ်စဉ်များနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနသို့ သတင်းများ ပေးပို့နိုင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
“မြန်မာ့နွေဦးတော်လှန်ရေးဟာ ရက်(၅၀၀) ပြည့်မြောက်ခဲ့ပါပြီ။ ရက်(၅၀၀)အတွင်းမှာ ခုခံတွန်းလှန်စစ်ဟာ အတိုင်းအတာတစ်ခုထိ ခရီးပေါက်မြောက်ခဲ့ပါတယ်။ လာမယ့်ကာလတွေဟာ စစ်ကောင်စီရဲ့ အရှိုက်ကို ထိချက်မိမိထိုးနှက်ရမယ့်ကာလတွေ ဖြစ်လာပါလိမ့်မယ်။ စစ်ကောင်စီအရှိုက်ကို ထိချက်မိမိထိုးနှက်နိုင်ဖို့ မှန်ကန်တိကျတဲ့သတင်းအချက်အလက်ရရှိရေးဟာ အထူးအရေးပါ အရာရောက်လာပါတယ်။ စစ်ကောင်စီနဲ့ ပတ်သတ်သမျှ သတင်းအချက်အလက်တွေကို အောက်ပါ နေရာများသို့ ပို့ဆောင်ပြီး သတင်းတပ်သားအဖြစ် ပါဝင်ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံပါတယ်”ဟု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ပြည်သူများ သတင်းပေးပို့နိုင်သည့် ကာကွယ်ရေးဝန် ကြီးဌာနသို့ဆက်သွယ်ရမည့် လိပ်စာများမှာ Telegram – info2mod ၊ Email – info2mod@mod.nugmyanmar.org တို့ဖြစ်ကြော်း ဖော်ပြထားသည်။
စစ်ကောင်စီကို ချေမှုန်းရန် စစ်ရေးအရှိန်မြှင့်တင်မှု မကြာမီ ပြုလုပ်ကြရမည်ဖြစ်ကြောင်း NUGယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားသည်။
