ရန်ကုန်မြို့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၆၉) ရပ်ကွက်မှ စစ်ကောင်စီထောက်တိုင် သွေးသောက်အဖွဲ့ဝင်နှင့် ပျူစောထီးခေါင်းဆောင် ဘိုမင်းသူဆိုသူကို သုတ်သင်ရှင်းလင်းလိုက်ကြောင်း မြို့ပြပြောက်ကျားအဖွဲ့ Ultimate Revolutionary Movement Team(URMT)က ယနေ့(ဇွန် ၁၅) ထုတ်ပြန်သည်။
ဘိုမင်းသူသည် ဒလန်လမ်းစဥ်အတိုင်း ပြည်သူအပေါ် အနိုင်ကျင့် ရမ်းကားနေသည်ဟု ပြည် သူလူထု၏ တိုင်တန်းမှုကြောင့် သုတ်သင်ရှင်း လင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
“(၇၀) ရပ်ကွက်ထဲမှာ ပစ်သတ်ခံရတယ်လို့ သိရပါတယ်။ ကလေးကျောင်းပို့ပြီးအပြန် နားထင်ကိုတေ့ပြီး ပစ်သွားတာ”ဟု တောင်ဒဂုံမှ သတင်းရင်းမြစ် SDGက ပြော သည်။
ယနေ့နံနက် ၈ နာရီခန့်က တောင်ဒဂုံ (၇၀)ရပ် ကွက် ကျောင်းလမ်းနှင့် အောင်ချမ်းသာ(၂) လမ်းထောင့်တွင် URMT ရဲဘော်များက အနီးကပ်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များရောက်ရှိလာကာ ဘိုမင်းသူ၏အလောင်းအား ချက်ချင်းသယ်ယူသွားပြီး မည်သည့်နေရာသို့ပို့ဆောင်လိုက်သည်ကို မသိရပေ။
