အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့မှ ဖယ်ခုံနှင့် ဖရူးဆိုတို့တွင် စစ်ကောင်စီတပ်သား ၃၅ ဦးအထိရှင်းလင်းနိုင်ခဲ့ကြောင်း ယနေ့(ဇွန် ၁၅) တွင်အသိပေးထုတ်ပြန်သည်။
အထူးစစ်ဆင်းရေးစနိုက်ပါအဖွဲ့သည်ဖယ်ခုံနှင့်ဖရူးဆိုမြို့နယ်တို့တွင် မေ ၂၀ မှ ဇွန် ၁၂ အထိ ရက်ပေါင်း ၂၄ ရက်အတွင်း ရန်သူစစ်သားများကိုပစ်ခတ်ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း
ဖော်ပြထားသည်။
ပစ်ခတ်ရှင်းလင်းမှုများတွင် မေ ၂၀ ရက်က လွယ်ပေါ်စေတီတောင်ပေါ်တပ်စွဲထားသော စစ်ကောင်စီတပ်မှ ခြောက်ဦး၊ ဆီမီးလောရန်သူ့စခန်းဝင်စီးမှုတွင် သုံးဦးဖြင့် တစ်ရက်တည်း ကိုးဦးသုတ်သင်နိုင်ခဲ့သည်ဟုဆိုသည်။

အလားတူ မေ ၂၁ တွင်လည်း ဆီမီးလောရန်သူ့စစ်စခန်းအား ထပ်မံတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား လေးဦးသုတ်သင်နိုင်ခဲ့ပြီး မေ ၂၂ တွင်မူ လွယ်ပါတောင်ခြေစစ်စခန်းမှ တစ်ဦး အသီးသီးသုတ်သင်နိုင်ခဲ့ကြောင်း ထုတ်ပြန် သည်။
ဇွန်လအတွင်း တိုက်ခိုက်မှုများတွင် ဇွန် ၇ ရက်ကဆီမီးလောရန်သူ့စခန်းကို တတိယအကြိမ်ဝင်ပစ်ရာ စစ်ကောင်စီတပ်သား ခြောက်ဦးသေပြီးဇွန်၁၀ရက်တိုက်ခိုက်မှုတွင်လဟယ်ကျေး ရွာနှင့်လွယ်မကူးတောင် ရန်သူစခစခန်းများမှစစ်ကောင်စီတပ်သားရှစ်ဦးကိုရှင်းလင်းနိုင်ခဲ့သည်ဟု ဆိုသည်။

ဇွန်၁၁ရက်နှင့် ၁၂ ရက်နေ့များတွင် ဒေါညေခူကျေးရွာသို့ စစ်ကြောင်းထိုးလာသောရန်သူ့တပ်အားစနိုက်ပါဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူ့တပ်သားခုနစ်ဦးကို သုတ်သင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြသည်။
အထူးစစ်ဆင်ရေးအဖွဲ့၏ စနိုက်ပါစစ်ဆင်ရေးများကိုဒေသခံညီနောင်မဟာမိတ်အဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး စစ်ဆင်ရေးဗျူဟာများအရ သတင်းများကို အချိန်နှင့်တပြေးညီမထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။
