ဓါးပြတိုက်သူများထံမှ ရွှေနှင့်ငွေ ၂၅ သိန်းပြန်သိမ်းမိသည်ဟုဒေသတွင်းသတင်းဌာနဖော်ပြသော်လည်းစစ်ကောင်စီရဲက ဓါးသုံးချောင်းနှင့်ငွေ ကိုးသောင်းသိမ်းမိဟုဝါဒဖြန့်ချီ
စစ်ကိုင်းတိုင်း၊မုံရွာမြို့တွင်ကုန်စုံဆိုင်အတွင်းဝင်ရောက်ဓါးပြတိုက်လုယက်သည့် လူငယ်တစ်စုအားပြည်သူများက ပူးပေါင်းဖမ်းဆီးခဲ့ကြောင်းဒေသခံများက ပြောသည်။
ယနေ့ (ဇွန်လ ၁၀ ရက်နေ့) နံနက် ၁၀ နာရီခွဲခန့်က မုံရွာမြို့၊ ပြည်တော်သာရပ်ကွက်၊အတ်တောလမ်းနေဦးကျော်ပိုင်ဆိုင်သည့် ဦးကြီးကုန်စုံဆိုင်အတွင်းလူငယ်(၅)ဦးကဝင်ရောက်ပြီး အိမ်ရှိလူများအား ဓားဖြင့်ထောက်ကာ ငွေအချို့အားယူဆောင်သွား၍ ရပ်ကွက်နေပြည်သူများမှ ဝိုင်းဝန်းပူးပေါင်းဖမ်းဆီးလိုက်ကြောင်း ဒေသခံများက ပြောသည်။
လုယက်သူ ၅ဦးလုံး မုံရွာမြို့ပေါ်ရပ်ကွက်များတွင် နေထိုင်သူများဖြစ်သည်။
၎င်းတို့ထံမှရွှေ နှင့်ငွေ ၂၅သိန်းပြန်လည်သိမ်းမိသည်ဟု ဒေသတွင်းအခြေစိုက်သတင်းဌာနတစ်ခုကရေးသားခဲ့သည်။ သို့သော် ၎င်းတို့အား စစ်ကောငွစီရဲစခန်းအပ်ပြီးနောက် အကြမ်းဖက်စစ်တပ်က ဝါဒဖြန့်ထုတ်ပြန်ရာတွင်မူ ၎င်းတို့ထံမှဓားမြှောင်(၃)ချောင်းနှင့် ငွေကျပ်ကိုးသောင်းသာသိမ်းဆည်းရမိကြောင်း ထုတ်ပြန်ခဲ့သည်။
မုံရွာမြို့တွင် အကြမ်းဖက်စစ်တပ်၏ မတရားအနိုင်ကျင့်မှုများအပြင်ခိုးဆိုးလုနှိုက်များပါသောင်းကျန်းနေသည်။
