အာဏာသိမ်းမြန်မာစစ်ကောင်စီဟာ သေဒဏ်ကိုအကောင်အထည်ဖော်လာနိုင်တယ်လို့ ကုလသမဂ္ဂ ရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ၂ ဦးက သတိပေးလိုက်ပါတယ်။
ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Thomas Andrews နဲ့ ဥပဒေမဲ့သတ်ဖြတ်ခြင်းဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအထူးကိုယ်စားလှယ်Morris Tidball Binz တို့က သတိပေးလိုက်တာလို့ကုလသမဂ္ဂက ဒီနေ့မှာထုတ်ပြန်တာပါ။

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်ကောင်စီအပေါ် ဖိအားပြင်းပြင်းထန်ထန်မပေးရင် ကွပ်မျက်တာတွေကို မြင်တွေ့ရလာနိုင်တယ်လို့ ကုလသမဂ္ဂ ရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ၂ ဦးက သတိပေးပါတယ်။
ဒါကြောင့် နိုင်ငံတကာနဲ့ အထူးသဖြင့်တော့ ကုသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ ၊လုံခြုံရေးကောင်စီဟာ စစစ်ကောင်စီရဲ့လုပ်ရပ်အပေါ် အရေးမယူဘဲမနေဘူးဆိုတာကို ပြသရတော့မှာဖြစ်ပြီး စစ်ကောင်စီကို ပစ်မှတ်ထားအရေးယူရမယ်လို့ ကုလသမဂ္ဂ ရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ၂ ဦးကတိုက်တွန်းထားပါတယ်။
သူတို့ ၂ ဦးရဲ့သတိပေးချက်ထဲမှာ သေဒဏ်ကိုအတည်ပြုတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ လူ့အခွင့်အရေးကို အလေးမထားဘူးဆိုတာ နိုင်ငံတကာကို ပြသလိုက်တာပဲလို့ ထောက်ပြထားပါသေးတယ်။
ဒါအပြင် မြန်မာပြည်သူလူထုကြားထဲကိုအကြောက်တရားရိုက်သွင်းတာလို့လည်း သူတို့ ၂ ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဇေယျာသော် နဲ့ အမျိုးသား ၂ ဦးရဲ့ သေဒဏ်ကို အတည်ပြုပြီးကွပ်မျက် ဖို့ အကောင်အထည်ဖော်မယ်လို့ ပြောဆိုလာတာပါ။
ဒီလုပ်ရပ်ကို အမေရိကန်၊ပြင်သစ် ၊ကနေဒါ စတဲ့နိုင်ငံတွေအပါအဝင် ကုလသမဂ္ဂကလည်း ဝေဖန်ထားကြပါတယ်။
