မနေ့က တန့်ကြည်တောင် ဘုရားဖူး ဟိုက်ဂျက်ကား ပစ်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်မှုမရှိကြောင်း ဒေသခံမြစ်ခြေ − ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ပုဂံဒေသကို ဘုရားဖူးထွက်လာတဲ့ တနင်္သာရီတိုင်း က မိသားစုလိုက်ပါတဲ့ ဟိုက်ဂျက်ကားဟာမနေ့က မနက်ပိုင်း တန့်ကြည်တောင်အတက်မှာ ပစ်ခတ်ခံရတာပါ။
ပစ်ခတ်ခံရမှုကြောင့် ကားခေါင်းခန်းမှာ လိုက်ပါလာတဲ့အမျိုးသားကြီးတစ်ဦးသေနတ်မှန်ပြီးသေဆုံးခဲ့ရပါတယ်။.
ဒေသခံ မြစ်ခြေ − ကျွန်းချောင်း PDF တပ်ဖွဲ့က ဒီပစ်ခတ်မှုကိုမလုပ်ဆောင်သလို ပတ်သက်မှုလည်းမရှိဘူးလို့ ထုတ်ပြန်ပါတယ်။
ဒီလိုရှင်းလင်းချက်ထုတ်ပြန်ရတာကလည်း အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လူထုနဲ့ PDF တပ်ဖွဲ့ကြား စိတ်ဝမ်းကွဲစေမယ့် အကြောင်းအရာတွေ လူမှုကွန်ရက်မှာ တင်ထားတဲ့အတွက် အထင်အမြင်မလွဲစေဖို့ ဖြစ်တယ်လို့ ရှင်းပြထားပါတယ်။
စစ်ကောင်စီဘက်ကနေ ဝါဒဖြန့်နေတဲ့လူမှုကွန်ရက်တွေမှာတော့ ဒီလုပ်ရပ်ကို PDF က လုပ်ဆောင်နေတယ်လို့ သတင်းဖြန့်ထားကြတာပါ။
