ဧရာဝတီမြစ်တဖက်ကမ်းမှာရှိတဲ့ နာမည်ကျော် တန့်ကြည်တောင်ကို ဘုရားဖူးသွားတဲ့ ဟိုက်ဂျက်ယာဉ် ဟာ ဒီနေ့မနက်ပိုင်းက သေနတ်နဲ့ပစ်ခတ်ရပြီး ကားခေါင်းခန်းမှာလိုက်ပါလာ တဲ့ အမျိုးသားတစ်ဦးသေဆုံးသွား တယ်လို့သိရပါတယ်။
မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်ထဲမှာရှိတဲ့ တန့်ကြည်တောင်ကို ဘုရားဖူးသွားတဲ့ ဟိုက်ဂျက်ယာဉ်ဟာ ဒီနေ့မနက်ပိုင်း ၈ နာရီလောက်က သေနတ်နဲ့ပစ်ခတ်ခံရတာပါ။

ဟိုက်ဂျက်ယာဉ်ပေါ်မှာ လူ ၇ ဦးလိုက်ပါလာပြီး သေနတ်မှန်ပြီး ဆုံးပါးသွားသူဟာ ကားခေါင်းမှာ ယာဉ်မောင်းဘေးက လိုက်ပါလာတဲ့ အသက် ၆၇ နှစ်အရွယ် အမျိုးသားကြီးဖြစ်ပါတယ်။ ကျန်တဲ့သူတွေတော့ ထိခိုက်မှုမရှိဘူးလို့သိရပါတယ်။
သေနတ်ပစ်ခတ်ခံရပြီးနောက် ဆေးကုသမှုပြုလုပ်ဖို့ ပုဂံဘက်ခြမ်းကို သယ်ဆောင်ခဲ့ပေမယ့် အသက်သေဆုံးသွားပါတယ်။
သေနတ်နဲ့အပစ်ခံရသူဟာ တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ရှောင်တောမော်ရွာမှာနေထိုင်သူလည်းဖြစ်ပါတယ်။
