မန္တလေးမှာ အာဏာသိမ်းစစ်ကောင်စီ က ကျုးကျော်လို့စွပ်စွဲပြီး နေအိမ်တွေဖယ်ရှားရှင်းလင်းခံရတဲ့ ရပ်ကွက် က ရာအိမ်မှူးတစ်ဦး ဒီနေ့မနက်ပိုင်း သေနတ်နဲ့ပစ်သတ်ခံလိုက်ရပါတယ်။
ပစ်သတ်ခံရတဲ့ ရာအိမ်မှူးဟာ ရဲဘော်ကွက်သစ် ရဲ့ ရာအိမ်မှူးဦးသန်းစိုးဖြစ်ပြီး နေအိမ်ရှေ့မှာ သားဖြစ်သူနဲ့အကြော်ရောင်းနေချိန် သေနတ်နဲ့ပစ်သတ်ခံလိုက်ရတာပါ။
အကြော်ဆိုင်ကို အမျိုးသားနဲ့အမျိုးသမီး ဆိုင်ကယ်နဲ့ရောက်လာပြီးအမျိုးသမီးက သေနတ်နဲ့ပစ်ခတ်သွားတာလို့ ဒေသခံတွေက ပြောပြပါတယ်။
သေနတ်နဲ့သုံးချက်ပစ်သွားတာဖြစ်ပြီး ရာအိမ်မှူးဟာ နေရာမှာတင်ပွဲချင်းပြီးသေဆုံးသွားပါတယ်။
ပြီးခဲ့တဲ့လပိုင်းတုန်းက စစ်အုပ်စုဟာ ရဲဘော်ကွက်သစ်ကို မဟာဓာတ်အားလိုင်းနဲ့မလွတ်လို့ဆိုကာကျူးကျော်သတ်မှတ်ပြီး နေအိမ်တွေကို ဖျက်ဆီးဖယ်ရှားခဲ့တာရှိပါတယ်။
