ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် အထက်လက်မွန်ရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၉ ဦးခန့်သေဆုံးပြီး ထိခိုက်ခိုက်ဒဏ်ရာရ ရှိသူများပြားနိုင်ကြောင်း CDF-Kanpetlet က ထုတ်ပြန်သည်။
ယနေ့ (ဇွန် ၉ ရက်)တွင် အင်အား ၁၈၅ဦးပါသော စစ်ကောင်စီစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး CDF-Kanpetlet နှင့်အတူ The Youth Force (Saw,Kyaukhtu)၊ PDF (ညောင်ရမ်း) နှင့် Saw PDFတပ်ရင်း(၂)(YRPA)တို့မှ စစ်ကူပေး၍ ပူးပေါင်းတိုက်ပွဲဝင်ခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲမှာ နံနက် ၁၀ နာရီ မှ ၁၁နာရီအထိတစ်ကြိမ် ညနေ ၅ နာရီ မှ ၆ နာရီတွင် တစ်ကြိမ်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု အသိပေးသည်။

CDF-Kanpetlet နှင့် ပူးပေါင်းတပ်ဖွဲ့ရဲဘော်များမှ အထိအခိုက်မရှိခဲ့ဟု ဆိုသည်။
ကောင်စီတပ်သားများသည် ထိုလက်မွန်ရွာရှိ အိမ်မွေးတိရိစ္ဆာန်များအား ခိုးယူသတ်ဖြတ်စားသောက်ခဲ့ကြသည်ဟု CDF- Kanpetlet က ပြောသည်။
ထို့အပြင် တိုက်ပွဲအတွင်း၌အထိနာနေသောစစ်ကောင်စီတပ်သားများသည် ကျေးရွာနေအပြစ်မဲ့ပြည်သူအများအပြား အားဓားစာခံအဖြစ် ဖမ်းဆီထားကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
စစ်ကောင်စီတပ်သားများသည် အထက်လက်မွန်ကျေးရွာနားတွင်တပ်စွဲနေပြီး တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်ဖွယ်ရှိကြောင်း CDF -Kanpetletက ခန့်မှန်းသည်။
