ပုလဲမြို့နယ်အတွင်းစစ်ကောင်စီတပ်ယာဥ်တန်းကိုဒေသကာကွယ်ရေးတပ်များပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဌာနချုပ်က ယနေ့(ဇွန် ၉)တွင် ထုတ်ပြန်သည်။
ယမန်နေ့(ဇွန် ၉)က ပုလဲမြို့နယ် ခင်အေး၊ နတ်ထိပ်မှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းကို ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဌာနချုပ်၊ပုလဲတပ်ရင်း(၂)နှင့် People Revolution Army(PRA)အဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းဖော်ပြသည်။
အဆိုပါတိုက်ခိုက်မှုတွင် ရှေ့ထွက်မိုင်းသုံးလုံး၊ကွဲမိုင်းနှစ်လုံး စုစုပေါင်းမိုင်းငါးလုံးဖြင့်ဖောက် ခွဲတိုက်ခိုက်ခဲ့ကာ စစ်ကောင်စီဘက်မှ ၁၀ ဦးခန့်သေဆုံးနိုင်ပြီး ပြည်သူ့ရဲဘော်များဘေးကင်းအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းအသိပေးထားသည်။
“ယာဥ်တန်းက ခန့်မှန်းအစီးရေ ၈၀ လောက်ပါတယ်ဗျ။ ချင်းပြည်နယ် မင်းတပ်ဘက်ကနေဆင်းလာတာလို့ သိရတယ်။ လက်ရှိမှာ တိုက် ခိုက်ခံထားရတော့ ဆက်သွားသေးဘဲ လမ်းမှာရပ်နားနေတယ်လို့ သိထားရပါတယ်”ဟု ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဌာနချုပ်မှ ရဲဘော်တစ်ဦးကပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်၏ အထက်ပါယာဥ်တန်းသည် ပုလဲ-ဂန့်ဂေါလမ်းအတိုင်းမောင်းနှင်၍ ပုံတောင်ပုံညာအနီး မိုင်တိုင် (၅၅)နှင့် (၅၆)ကြားတွင် ရပ်တန့်နေကြောင်း သိရသည်။
မေလ ၂၆ ရက်ကလည်း ပုလဲမြို့မှထွက်လာသော အထက်ပါ စစ်ကောင်စီတပ်ယာဥ်တန်းကို နဂါးမတောင်ဘက်တွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးထက်မနည်း သေဆုံးခဲ့သည်။
