လောင်းလုံမြို့မရဲစခန်းမှ ထွက်လာသော စစ်ကောင်စီတပ်ကားနှစ်စီးကို မိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(ဇွန် ၂)ထုတ် ပြန်သည်။

ယနေ့နံနက် ၈ နာရီ ၅၀မိနစ်ခန့်က လောင်းလုံမြို့ နယ် အောက်ပိုင်းတစ်နေရာတွင် အင်အား ၁၅ ဦးခန့်ပါ စစ်ကားနှစ်စီးကို လောင်းလုံ(ပကဖ)နှင့် Dawei Defense Team-DDT တပ်ခွဲ (၃)တို့ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ ပြန်လည်ပစ်ခတ်ချိန်တွင် လက်နက်အင်အားမမျှသဖြင့် တော်လှန်ရေးရဲဘော်များ ပြန်ဆုတ်ခဲ့ရသည်ဟု အသိပေးသည်။

အထက်ပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးအခြေအနေအား အတိ အကျမသိရသေးဘဲ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
