တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် အခြေခံပညာကျောင်းသားများသမဂ္ဂမှ ကျောင်းသား၊ ကျောင်းသူများက ယနေ့ (ဇွန်လ ၁) နေ့လည်ပိုင်း၌ စစ်အာဏာရှင် ကျဆုံးရေးနှင့် စစ်ကျွန်ပညာဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြသည်။
ကျောင်းသားလူငယ်များက ကျောင်းယူနီဖောင်း အဖြူအစိမ်းများ ဝတ်ဆင်ကာ “စစ်ကျွန်ပညာရေး အလိုမရှိ” ဆိုသည့် ဘန်နာကိုင်စွဲပြီး ကျောင်းသားသပိတ်အဖြစ် စစ်ကျွန်ပညာရေးကို သပိတ်မှောက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
