ချင်းပြည်နယ်၊ ဟားခါးဒေသကိုCDF(ဟားခါး) ကောင်စီသည် ချင်းအမျိုးသားတပ်ဦး (CNF/A)ဖြင့် ပူးပေါင်း၍ ကာကွယ်ရေး၊လုံခြုံရေး၊ ဥပဒေပြု၊ အုပ်ချုပ်ရေးနှင့် တရားစီချင်တို့ကို တာဝန်ယူဆောင်ရွက်သွားမည်ဟုCDF(ဟားခါး)ကောင်စီက မေ ၃၁ ရက်က ထုတ်ပြန်သည်။
ဟားခါးမြို့နယ်အတွင်းရှိ MiE (မိုင်) ဒေသ၊ Senthang (ဆန်တောင်) ဒေသ၊ Zokhua (ဇိုခွား) ဒေသနှင့် Hakha (ဟားခါး) မြို့ပေါ်ဒေသလေးခုအတွက် CDF(ဟားခါး) ကောင်စီကို ဖွဲ့စည်းထားခြင်းဖြစ်ပြီး CDF(ဟားခါး)သည်သာ ထိုဒေသများအတွင် တော်လှန်ရေးကာလအတွင်း တရားဝင်အဖွဲ့အစည်းဖြစ်သည်ဟုလည်းဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်ဖြုတ်ချရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနှင့် ဟားခါးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအတွက် ဟားခါးမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုများကို CDF-ဟားခါးကောင်စီအဖြစ်စုစည်းရန် မေ ၁ ရက် ကသဘောတူခဲ့ပြီးဖြစ်သည်ဟုလည်းပါရှိသည်။
“ပြည်သူအုပ်ချုပ်ရေးဆိုတာစစ်တပ်နဲ့လက်နက်ကိုင်ကပြည်သူတွေအုပ်ချုပ်ရေးအောက်မှာပဲရှိရမှာ။အခုကလက်နက်ကိုင်က အာဏာ၃ခုလုံးကို ယူမယ်ဆိုတာ စစ်အုပ်ချုပ်ရေး ပုံစံမို့လို ဒီမိုကရေစီနဲ့ အတော်လွဲနေပါတယ်”ဟု ပြည်ပရောက်ဟားခါးဒေသခံတစ်ဦးကပြောသည်။ အုတ်ချုပ်ရေး၊ဥပဒေပြုရေး ၊တရားစီရင်ရေးတို့တွင်သင့်တော်သော အရပ်သားပညာရှင်များ၊ရွေးကောက်ခံကိုယ်စားလှယ်များကိုပါ ထည့်သွင်းသင့်ခြင်း၊တာဝန်ပေးခြင်းများပြုလုပ်သင့်ကြောင်းဒေသခံတစ်ဦးကလည်အကြံပြုသည်။
CDF(ဟားခါး)ကောင်စီကစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီနှင့်စစ်တပ်သည့် အကြမ်းဖက်အဖွဲ့အစည်းများသာဖြစ်ပြီး ၎င်းတို့ဆောင်ရွက်ချက်များ
သည် တရားဝင်မှုမရှိဟုလည်းဖော်ပြထားသည်။
ထိုအတူ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ စတင်ပြီးတော်လှန်ရေးပြီးဆုံးသည်အထိ အကြမ်းဖက်စစ်ကောင်စီဘက်မှဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းမှန်သမျှသည်တရားဝင်မှုမရှိကြောင်းနှင့် ပူးပေါင်းဆောင်ရွက်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့်ကုမ္ပဏီများကို အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ကာ CDF(ဟားခါး)ကောင်စီက အရေးယူသွားမည်ဟုလည်းပါရှိသည်။
