မိုးတွင်းကာလအတွက် စားနပ်ရိက္ခာ၊ လက်နက်ခဲယမ်းများအကူ အားဖြည့် ပါဝင်ကူညီပေးကြရန် ပလက်၀မြို့နယ်ချင်းကာကွယ်ရေးတပ်(CDF)က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
ချင်းပြည်နယ်ရှိ မြေပြင်အနေအထားမှာ စစ်ရေးတင်းမာလာနိုင်၍ တိုက်ပွဲအတွင်း အနိုင်ရရှိရေးအတွက် မိမိအသက်ကို ပဓာနမထားဘဲ ပွဲဝင်ဝင်လိုသည့် ရဲဘော်များစွာအသင့်ရှိနေကြောင်း၊ သို့ရာတွင် ခေတ်မီလက်နက်များ မကိုင်နိုင်ဘဲ တူမီး၊ ခါးချိုး သေနတ်တို့ဖြင့်သာ တိုက်ပွဲဝင်နေရ၍ ထိခိုက်ဆုံးရှုံးမှုများ ရှိနေပြီး ကိုင်ဆောင်ထားသည့် လက်နက်များအပေါ် အားမလိုအား မရဖြစ်ကာ မခရီးမတွင် ဖြစ်နေရကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် လက်ရှိကာလ၌ ဒုက္ခမျိုးစုံဖြင့် ဖြတ်သန်းနေရသည့်တိုင် တော်လှန်ရေး အနှေးနှင့်အမြန် အောင်မြင်မှု ဆွတ်ခူးပေးမည့် ရဲဘော်များအတွက် အားဖြည့်ပါဝင်ပေးကြရန် အလေးအနက် အကူအညီတောင်းခံကြောင်း ပလက်၀ CDFက ထုတ်ပြန်သည်။
အားဖြည့်ကူညီလိုပါ Chinland Defense Force – Paletwa ၏ PageMessagerသို့လည်းကောင်း ၊ 00916909512108 နှင့် cdf.paletwa.2021@gmail.com သို့ ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။
အကယ်၍ ငွေအားဖြင့် မကူညီနိုင်သော်လည်း Clickerအဖြစ်တော့ ကူညီပေးနိုင်၍ https://m.youtube.com/channel/UC7baxVVMZq7yO7xMOxb4YUg နှင့် https://t.me/cdfpaletwa2021 တို့ကို Join ထားပေးရန်၊ YouTude Channelကို Subscriberလုပ်ပြီး တစ်ရက်ကို (၁၅)မိနစ်ခန့် နားထောင်ပေးရန် ဖော်ပြထားသည်။
