မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာတိမ်းရှောင်ရသူဦးရေဟာပထမဆုံးအဖြစ် တစ်သန်းထိရှိလာပြီလို့ကုလသမဂ္ဂက ဒီနေ့မှာထုတ်ပြန်အသိပေးလိုက်ပါတယ်။
ဒီလိုနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ တစ်သန်း ထဲမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ထွက်ပြေးရသူဦးရေဟာ ၇ သိန်းနီးပါးပါဝင်ပါတယ်။ ကျန်တဲ့ ၃ သိန်းကတော့ အာဏာမသိမ်းခင်ကဖြစ်ပါတယ်။

ဒါဟာ ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတာဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးက ထောက်ပြထားပါတယ်။
ပြည်တွင်းမှာနေရပ်စွန့်ခွာတိမ်းရှောင်ရသူတွေဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ အလျင်အမြန်လိုအပ်နေတယ်လို့လည်းသိရပါတယ်။ မကြာခင်မှာ မိုးရာသီစတင်တော့မှာဖြစ်တဲ့အတွက် နေရာထိုင်ခင်းအတွက်လည်း အခက်ကြုံနေကြရပါတယ်။
