close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အရှုံးပေးအောင် ဖိအားပေးတဲ့ ဘယ်လို လုပ်ရပ်မျိုးကိုမှ လက်မခံနိုင်ဘူးလို့ အီရန် သမ္မတပြော

အီရန်ကို အရှုံးပေးဖို့ အလွန်အကျွံ ဖိအားပေးတဲ့ ဘယ်လို လုပ်ရပ်မျိုးမှ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ အမေရိကန်နဲ့ အစ္စရေးကို ရည်ရွယ်ပြီး အီရန် သမ္မတက သတိပေးခဲ့ပါတယ်။

ဧပြီ -၁၅ ၊၂၀၂၆

အီရန်ကို အရှုံးပေးဖို့ အလွန်အကျွံ ဖိအားပေးတဲ့ ဘယ်လို လုပ်ရပ်မျိုးမှ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ အမေရိကန်နဲ့ အစ္စရေးကို ရည်ရွယ်ပြီး အီရန် သမ္မတက သတိပေးခဲ့ပါတယ်။

လက်လျှော့ အရှုံးပေးရမယ် ဆိုတာမျိုး အီရန်ကို ဖိအားပေးတဲ့ ဘယ်လို လုပ်ရပ်မျိုးမဆို ကျိန်းသေပေါက် ကျဆုံးမှာ ဖြစ်ကြောင်း၊ အီရန်ဟာ အဲဒီလို ချဉ်းကပ်မှုတွေကို လုံးဝ လက်ခံမှာ မဟုတ်ကြောင်း သမ္မတ မာဆွတ်ဒ် ပက်ဇက်ရှ်ခန်းက ဆိုပါတယ်။

သူဟာ ဧပြီ ၁၅ ရက်နေ့တုန်းက တဟီရန် မြို့တော်မှာ အစိုးရအဖွဲ့တွင်း အရေးပေါ် အစည်းအဝေးတစ်ခု ကျင်းပပြီးချိန်မှာ အခုလို သဘောထားမှတ်ချက် ပေးလားခဲ့တာပါ။

Public Service Announcement

Public Service Announcement

အီရန်ဟာ စစ်ဖြစ်ဖို့၊ ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်ဖို့ ဘယ်တုန်းကမှ မလိုလားခဲ့ကြောင်း၊ အီရန်ဟာ နိုင်ငံတော်တော်များများနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ၊ ထိတွေ့ဆက်ဆံမှုတွေကို အမြဲတမ်း အလေးပေးခဲ့ကြောင်းလည်း သမ္မတက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ပျက်ပြယ်ခဲ့တဲ့ အီရန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပြန်လည် စတင်လာဖွယ် ရှိတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မှတ်ချက်ပေးခဲ့တဲ့နောက် ပက်ဇက်ရှ်ခန်းက အခုလို တုံ့ပြန်လာတာ ဖြစ်ပါတယ်။ လာမယ့် နှစ်ရက်လောက်အတွင်း အီရန်နဲ့ အမေရိကန် ဆွေးနွေးပွဲ ပြန်စနိုင်ခြေ ရှိတယ်လို့ ထရမ့်က ပြောကြားထားပြီး အဲဒီကိစ္စကိုတော့ အီရန်က ဘာမှတ်ချက်မှ မပေးသေးပါဘူး။

လက်ရှိမှာ အီရန်ဟာ အမေရိကန်၊ အစ္စရေးတို့နဲ့ နှစ်ပတ်ကြာ အပစ်အခတ် ရပ်စဲထားပြီး တကယ်လို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေသာ မအောင်မြင်ရင် အဲဒီကာလ ကုန်လွန်ချိန်မှာ စစ်ပွဲပြန်လည် စတင်လာနိုင်ခြေ ရှိနေပါတယ်။

ဒါပေမဲ့ ထရမ့်ကတော့ Fox သတင်းဌာနနဲ့ အင်တာဗျူးမှာ အီရန် စစ်ပွဲဟာ ပြီးဆုံးဖို့ အရမ်းနီးကပ်နေပါပြီလို့ ပြောကြားခဲ့ပါတယ်။ စစ်ပွဲ ဘယ်အချိန် ပြီးဆုံးနိုင်မလဲလို့ Foxက မေးတဲ့အခါ ထရမ့်က ပြီးဖို့ နီးနေပြီလို့ သူထင်ကြောင်း၊ အရမ်းကို နီးကပ်နေပြီလို့ သူယူဆကြောင်း တုံ့ပြန်သွားခဲ့ပါတယ်။

ကိုးကား – BBC ၊ ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ်ရေလက်ကြားကိုသာအမေရိကန်ကဆက် ပြီး ပိတ်ဆို့ထားမယ်ဆိုရင်ပါရှန်းပင်လယ်ကွေ့၊ ပင်လယ်နီ နဲ့ အိုမန်ပင်လယ်ထဲကရေကြောင်းသွားလာမှုတွေ လုံခြုံရေးကို အီရန်ကအာမခံမှာ မဟုတ်ဘူးလို့ အီရန်ရဲ့ စစ်ဦးစီးအရာရှိချုပ်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ပစိဖိတ် သမုဒ္ဒရာ အရှေ့ပိုင်း ရေပြင်မှာ လှေတစ်စီးကို တိုက်ခိုက် နှစ်မြှုပ်ခဲ့ပြီး လူ ၄ ဦး သေဆုံးခဲ့ကြောင်း အမေရိကန် စစ်တပ်က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ ဆွေးနွေးမှုတွေ အခုသီတင်းပတ်ထဲမှာ ပြန်စနိုင်ခြေ ရှိတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို ပိတ်ဆို့ထားတဲ့ အစီအစဉ်အတွက် အမေရိကန်ဟာ လေယာဉ်တင် သင်္ဘောတွေနဲ့ လေကြောင်း စစ်ဆင်ရေး အားသာချက်တွေကို ထိထိရောက်ရောက် အသုံးပြုဖွယ် ရှိနေကြောင်း သိရပါတယ်။