close
Connect with us

Hi, what are you looking for?

သတင်း

TNLA က အာဏာသိမ်း​ခေါင်း​ဆောင်ရဲ့အစိုးရကို ဂုဏ်ပြု​ကြောင်းသဝဏ်လွှာပို့

အာဏာသိမ်း​ခေါင်း​ဆောင် မင်း​အောင်
လှိုင်ရဲ့ အစိုးရကိုကြိုဆို​ကြောင်း ပ​လောင်ပြည်နယ်လွတ်​မြောက်​ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မ​တော်(PSLF/TNLA) ကဒီက​နေ့ ဂုဏ်ပြုသဝဏ်လွှာ​ပေးပို့ပါတယ် ။

■စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းစစ်တပ်ကိုခုခံ​တော်လှန်​နေတဲ့​ တော်လှန်​ရေးတပ်ဖွဲ့​တွေထဲ ပထမဆုံး ဂုဏ်ပြုသဝဏ်လွှာပို့တဲ့ အဖွဲ့ဖြစ်လာ

ဧပြီ-၁၅၊၂၀၂၆။​နေ့သစ်/People’s Spring

အာဏာသိမ်း​ခေါင်း​ဆောင် မင်း​အောင်လှိုင်ရဲ့ အစိုးရကိုကြိုဆို​ကြောင်း ပ​လောင်ပြည်နယ်လွတ်​မြောက်​ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မ​တော်(PSLF/TNLA) ကဒီက​နေ့ ဂုဏ်ပြုသဝဏ်လွှာ​ပေးပို့ပါတယ် ။

ဒါ​ကြောင့် စစ်တပ်အာဏာသိမ်းပြီး​နောက် ခုခံ​တော်လှန်ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့​တွေထဲမှာ အာဏာသိမ်း​ခေါင်း​ဆောင်ကို အစိုးရသစ်ဖွဲ့နိုင်တယ်ဆိုပြီး ဂုဏ်ပြုတာဟာ TNLA ကပထမဆုံးတိုင်းရင်းသားလက်နက်ကိုင်အဖွဲဖြစ်လာပါတယ် ။

Public Service Announcement

Public Service Announcement

ဒါအပြင် TNLA က စစ်တပ် ၊ မင်း​အောင်လှိုင် ရဲ့အစိုးရ​တွေနဲ့အတူ အပစ်အခတ်ရပ်စဲ​ရေးကတိကဝတ်များကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံ​ရေးပြသာနာများကို နိုင်ငံ​ရေး နည်းလမ်းဖြင့် ငြိမ်းချမ်းစွာ​ဆွေး​​နွေးအ​ဖြေရှာနိုင်ရန်​မျှော်လင့်ထားတယ်လို့လည်း​ဖော်ပြထားပါတယ် ။ TNLA ထုတ်သဝဏ်လွှာမှာ အာ​ဏာသိမ်း စစ်အုပ်စုကို
“ မြန်မာ့တပ်မ​တော်” ၊ အာဏာသိမ်း​ခေါင်း​ဆောင်ကို “ နိုင်ငံ​တော် သမ္မတဦးမင်း​အောင်လှိုင် ၏ မြန်မာအစိုးရသစ်” ဆိုပြီး ​​ရေးသား သုံးနှုန်းထားတာကို​တွေ့ရပါတယ် ။

အခုသဝဏ်လွှာနဲ့ပတ်သက်ပြီး TNLA ရဲ့​ပြော​ရေးဆိုခွင့်ရှိသူ ​လွေး​ယေဦးကို ဆက်သွယ်​မေးမြန်းနိုင်ဖို့ People’s Spring ကြိုးစား​နေပါတယ် ။

ပြည်သူ​တွေက​တော့ TNLA က အာဏာသိမ်း​ခေါင်း​ဆောင်ကိုအခုလိုဂုဏ်ပြုသဝဏ်လွှာ​ပေါ်တဲ့အ​ပေါ် အပြင်းအထန်​ဝေဖန်​နေကြပါတယ် ။

“ အသက်ပေးသွားတဲ့ ရဲဘော်တွေရဲ့ မျက်နှာကိုမ
မထောက်” လို့ပြည်သူတဦးကမှတ်ချက်ပြုပါတယ်။

“ အထင်ကြီးခဲ့သမျှ အလကားဖြစ်ကုန်ပြီ TNLA” လို့ပြည်သူတဦးကလည်း ​ပြောပါတယ်။

အခြားပြည်သူတဦးကလည်း “ တရုတ်ဖိအားကြောင့်ပါ ၊လေယာဉ်နဲ့ဗုံးကြဲမှာကြောက်လို့ပါ၊
အကြွေးတွေအများကြီးတင်နေလို့ပါစတဲ့ဆင်
ခြေတွေ တွေ့ရဖို့ရှိတယ်” လို့ မှတ်ချက်ပြုပါတယ်။

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ကို စစ်တပ်လွှတ်​တော်​တွေက သမ္မတရာထူးခန့်အပ်တဲ့အပေါ် ၀တပ် UWSA ၊ မိုင်းလားတပ် NDAA နဲ့ နာဂတပ် NSCN-K(အန်းမိုင်) အဖွဲ့တို့ပဲ ဂုဏ်ပြုကြောင်းသဝဏ်လွှာပေးခဲ့ကြပါတယ်။ အဲအဖွဲ့​တွေကစစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းစစ်တပ်ကို ခုခံတိုက်ခိုက်တာမရှိပါဘူး ။

အခြား​တော်လှန်​ရေးတပ်ဖွဲ့​တွေသဝဏ်လွှာပို့ အသိအမှတ်ပြုတာမရှိပဲ ဧပြီ ၁၅ ရက်မှာမှ TNLA ကအခုလို ဂုဏ်ပြု​ကြောင်းသဝဏ်လွှာပို့တာဖြစ်ပါတယ်။

ဒါပေမဲ့ အဓိကတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းတွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ၊ KNPP ၊CNF တို့က စစ်အာဏာရှင်စနစ် အပြီးသတ်ဖယ်ရှားနိုင်ရေးအတွက်အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) အပါအဝင် မဟာမိတ်တွေနဲ့ ပူးပေါင်းပြီးဖက်ဒရယ်ဦးဆောင်ကောင်စီတရပ်ဖွဲ့စည်းခဲ့ပါတယ်။

ဒါ့အပြင် အာရက္ခတပ်တော်(AA) ၊ မွန်တော်လှန်ရေးတပ် ၊ ချင်းတော်လျန်ရေးတပ်တွေကလည်း စစ်ကောင်စီကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ ဆက်လက်ဆင်နွှဲနေတာကို တွေ့ရပါတယ်။
ဒါ့အပြင် ကိုးကန့်တပ်မတော်(MNDAA) တို့က စစ်ကောင်စီကို ဂုဏ်ပြုတာမရှိသေးသလို စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSSS)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တို့ကလည်း မင်းအောင်လှိုင်သမ္မတရာထူးယူတဲ့အပေါ် ဂုဏ်ပြုတာ မလုပ်ကြပါဘူး ။

​နွေဦး​တော်လှန်​ရေးမှာ​ပေါ်လာတဲ့ ​တော်လှန်​ရေးအဖွဲ့​တွေ စုစည်းထားတဲ့ SRA ကလည်း အခြား​တော်လှန်​ရေးတပ်​တွေနဲ့​ပေါင်းပြီး စစ်တပ်ကိုဆက်လက်ခုခံ​တော်လှန်​နေတာ​တွေ့ရပါတယ်။

TNLA ဟာ ညီ​နောင်မဟာမိတ် ​တွေနဲ့အတူ ၂၀၂၄ ​အောက်တိုဘာလကစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်​ရေးမှာစစ်တပ်စခန်း ၊တပ်ရင်း ၊တပ်ရင်းဌာနချုပ်​ပေါင်းများစွာမြို့ ဆယ်မြို့​ကျော်ကိုသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ် ။ဒါ​ပေမယ့် စစ်တပ်င ၂၀၂၅ နှစ်ဆန်းကစပြီး ​​နောင်ကို တန်ပြန်ထိုးစစ်ဆင်လာပြီး​နောက်ပိုင်း နောင်ချို ၊​ သီ​ပေါ ၊ကျောက်မဲမြို့​တွေကိုပြန်လက်လွတ်ဆုံးရှုံးခဲ့ပါတယ်။တရုတ်ကြားဝင်မှုနဲ့စစ်တပ်နဲ့ အပစ်ရပ်​ဆွေး​နွေးပြီး​တော့ မိုးကုတ် နဲ့ မိုးမိတ်မြို့​တွေကိုလည်းကျည်တစ်ချက်မ​ဖောက်ပဲပြန်လက်လွှဲ​ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လမှာ​တော့ ညီ​နောင်မဟာမိတ်အချင်းချင်း ပဋိပက္ခဖြစ်ရာမှ MNDAA က ကွတ်ခိုင်မြို့က TNLA စခန်း​တွေအားလုံးကို ထိုးစစ်ဆင်သိမ်းပိုက်ပြီး​ နှစ်ဖက်​ခေါင်း​ဆောင်​တွေ​ဆွေး​နွေးပြီး​တော့ ကွတ်ခိုင်မြို့နယ်က​နေလည်း TNLA ကဆုတ်ခွာ​ပေးခဲ့ပါတယ် ။

ပြည်သူ များစွာမဲမ​ပေးတဲ့ စစ်တပ်ရဲ့ ၂၀၂၅ ​ရွေး​ကောက်ပွဲကို နိုင်ငံတကာ​ရွေး​ကောက်ပွဲ ​လေ့လာ​စောင့်ကြည့်တဲ့အဖွဲ့​တွေ ၊ လူ့အခွင့်အ​ရေးအဖွဲ့​တွေ ၊ကုလအပါအဝင် ဒီမိုက​ရေစီနိုင်ငံ​တွေကအသိအမှတ်မပြုကြပါဘူး။ ဒါ​ကြောင့်စစ်တပ်လွှတ်​တော်က​ရွေး​ကောက်တင်​မြှောက်တဲ့ စစ်အစိုးရ
ကိုလည်း တရုတ် ၊ရုရှား ၊ဘီလာရုဇ် အပါအဝင် အာဏာရှင်နိုင်ငံအချို့ကပဲအသိအမှတ်ပြုပြီးနိုင်ငံတကာက အသိအမှတ်မပြုကြပါဘူး။ဒါ​ကြောင့်အာဏာသိမ်း​ခေါင်း​ဆောင်ရဲ့ အစိုးရဟာပြည်တွင်းပြည်ပ အသိအမှတ်ပြုမှုရဖို့ရုန်းကန်​နေရပါတယ် ။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရှစ်လေးလုံးအရေးတော်ပုံကာလက ပါတီစုံဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး တောင်းဆိုချက်တွေကို ကြွေးကြော်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီးဟာ ၃၈ နှစ်အကြာမှာတော့ စစ်အာဏာရှင်အောက်ကို ခေါင်းလျှိုဝင်သွားပါပြီ။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ စစ်တပ်လွှတ်​တော်မှာ သမ္မတအဖြစ် ဒီ​နေ့ပထမဆုံးမိန့်ခွန်းပြောပေမယ့် သူတစ်ဦးတည်းကပဲ အာဏာအလုံးစုံကို ကိုင်ထားမှာဖြစ်လို့ တိုင်းပြည်နဲ့ ပြည်သူလူထုလွတ်လပ်ခွင့်နဲ့ ဖွံ့ဖြိုးတိုးတက်မှု ဘာတစ်ခုမှ မျှော်လင့်လို့ မရနိုင်ကြောင်းနိုင်ငံရေအကဲခတ်တွေက ပြောပါတယ်။

သတင်း

မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းလိုက်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအတွက် အခွင့်အရေး တခုဖြစ်ခဲ့ကြောင်းအာရက္ခတပ်တော်(AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောကြားလိုက်ပြီး အခွင့်အရေးကို အကျိုးရှိရှိ အသုံးချဖို့ စစ်အင်အား တောင့်တင်းအောင်လုပ်ဆောင်ဖို့ဒီက​နေ့တိုက်တွန်းလိုက်ပါတယ်။