close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အရှေ့ ပစိဖိတ်မှာ လှေတစ်စီးကို တိုက်ခိုက်ခဲ့ပြီး လူ ၄ ဦး သေဆုံးကြောင်း အမေရိကန် အတည်ပြု

ပစိဖိတ် သမုဒ္ဒရာ အရှေ့ပိုင်း ရေပြင်မှာ လှေတစ်စီးကို တိုက်ခိုက် နှစ်မြှုပ်ခဲ့ပြီး လူ ၄ ဦး သေဆုံးခဲ့ကြောင်း အမေရိကန် စစ်တပ်က အတည်ပြုခဲ့ပါတယ်။

ဧပြီ – ၁၅ ,၂၀၂၆

ပစိဖိတ် သမုဒ္ဒရာ အရှေ့ပိုင်း ရေပြင်မှာ လှေတစ်စီးကို တိုက်ခိုက် နှစ်မြှုပ်ခဲ့ပြီး လူ ၄ ဦး သေဆုံးခဲ့ကြောင်း အမေရိကန် စစ်တပ်က အတည်ပြုခဲ့ပါတယ်။

ဧပြီ ၁၄ ရက်နေ့က တိုက်ခိုက်ခံရတဲ့ လှေဟာ မူးယစ်ဆေးဝါး အကြမ်းဖက်ဂိုဏ်းတွေနဲ့ ဆက်နွှယ် ပတ်သက်နေတယ်လို့ အမေရိကန် တောင်ပိုင်းတိုင်း စစ်ဦးစီးဌာနက ကြေညာပါတယ်။ အဲဒီ စစ်ဌာနချုပ်ဟာ လက်တင်အမေရိကနဲ့ ကာရေဘီယန် ပင်လယ်ထဲက အမေရိကန်ရဲ့ စစ်ဆင်ရေးတွေကို ကြီးကြပ်နေတဲ့ ဌာနလည်း ဖြစ်ပါတယ်။

သေဆုံးသူ ၄ ဦးစလုံးဟာ မူးယစ်မှောင်ခို အကြမ်းဖက်သမားတွေလို့ အမေရိကန် စစ်တပ်က စွပ်စွဲခဲ့ပေမယ့် တိကျတဲ့ အထောက်အထားတော့ မပြသခဲ့ပါဘူး။ ဒါဟာ အရှေ့ပစိဖိတ် ရေပြင်မှာ အမေရိကန်က လုပ်ဆောင်တဲ့ ၄ ရက်အတွင်း တတိယမြောက် လူအသေအပျောက်တွေ ဖြစ်ပေါ်စေတဲ့ တိုက်ခိုက်မှု အနေနဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကစပြီး မူးယစ်မှောင်ခို စက်လှေတွေလို့ စွပ်စွဲထားတဲ့ လှေတွေကို အမေရိကန်က တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ဦးရေဟာ ၁၇၄ ဦးထက်မနည်း ရှိလာပါတယ်။

အမေရိကန် စစ်တပ်ဟာ အဲဒီ တိုက်ခိုက်မှုတွေက မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေကို နှိမ်နင်းဖို့အတွက် ဖြစ်တယ်လို့ အကြိမ်ကြိမ် ပြောခဲ့ပေမယ့် ရွေးချယ်ခဲ့တဲ့ ပစ်မှတ်တွေက မှန်ကန်သလား ဆိုတာကို ထောက်လှမ်းရေး၊ ဒါမှမဟုတ် တခြား အချက်အလက်တွေ ထုတ်ပြန် အတည်ပြုတာမျိုး မရှိခဲ့ပါဘူး။

ဥပဒေရေးရာနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ အမေရိကန်ရဲ့ အဲဒီပုံစံနဲ့ တိုက်ခိုက်မှုတွေဟာ ထင်သလို သတ်ဖြတ်တဲ့ လုပ်ရပ်မြောက်ပြီး အမေရိကန်နဲ့ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ရာ ရောက်နေတယ်လို့ ထောက်ပြထားကြပါတယ်။

တောင်ပိုင်းတိုင်း စစ်ဦးစီးဌာနရဲ့ လူမှုကွန်ရက်ပေါ် ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ လှေတစ်စီး ပေါက်ကွဲနေပုံကို ကောင်းကင်ကနေ ရိုက်ကူးထားတဲ့ ခပ်ဝါးဝါး ဗီဒီယိုကိုပါ ထည့်သွင်း ဖော်ပြထားပါတယ်။

ဝေဖန်မှုတွေ ရှိနေပေမယ့် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ အမေရိကန်ဟာ လက်တင်အမေရိက အခြေစိုက် မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေနဲ့ စစ်ဖြစ်နေတယ်လို့ ယူဆထားတဲ့အတွက် ဒီလို တိုက်ခိုက်မှုတွေက မှန်ကန်ပြီး ကြောင်းကျိုးဆီလျော်တယ်လို့ အကြောင်းပြချက် ပေးထားပါတယ်။

ကိုးကား – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ်ရေလက်ကြားကိုသာအမေရိကန်ကဆက် ပြီး ပိတ်ဆို့ထားမယ်ဆိုရင်ပါရှန်းပင်လယ်ကွေ့၊ ပင်လယ်နီ နဲ့ အိုမန်ပင်လယ်ထဲကရေကြောင်းသွားလာမှုတွေ လုံခြုံရေးကို အီရန်ကအာမခံမှာ မဟုတ်ဘူးလို့ အီရန်ရဲ့ စစ်ဦးစီးအရာရှိချုပ်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ ဆွေးနွေးမှုတွေ အခုသီတင်းပတ်ထဲမှာ ပြန်စနိုင်ခြေ ရှိတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို ပိတ်ဆို့ထားတဲ့ အစီအစဉ်အတွက် အမေရိကန်ဟာ လေယာဉ်တင် သင်္ဘောတွေနဲ့ လေကြောင်း စစ်ဆင်ရေး အားသာချက်တွေကို ထိထိရောက်ရောက် အသုံးပြုဖွယ် ရှိနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန် ဆိပ်ကမ်းတွေကို ပစ်မှတ်ထားတဲ့ ဟောမုဇ် ရေလက်ကြား ပိတ်ဆို့မှုကို အမေရိကန်က စတင်ခဲ့တဲ့နောက် အီရန်ကလည်း လက်စားချေ တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။