close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် ရေတပ်က ပင်လယ်ပြင် အခြေစိုက် ဖောက်ခွဲရေး ဒရုန်းတစ်စီးကို ပထမဆုံးအကြိမ် ပစ်ခတ်

ပင်လယ်ပြင် အခြေစိုက် ဖောက်ခွဲရေး ဒရုန်းတစ်စီးကို အမေရိကန် ရေတပ်က ပထမဆုံးအကြိမ် လက်တွေ့ ပစ်လွှတ်နိုင်ခဲ့ကြောင်း သိရပါတယ်။

ပင်လယ်ပြင် အခြေစိုက် ဖောက်ခွဲရေး ဒရုန်းတစ်စီးကို အမေရိကန် ရေတပ်က ပထမဆုံးအကြိမ် လက်တွေ့ ပစ်လွှတ်နိုင်ခဲ့ကြောင်း သိရပါတယ်။

ဒီဇင်ဘာ ၁၆ ရက်နေ့တုန်းက အာရေဗျ ပင်လယ်ကွေ့မှာ အမေရိကန် စစ်သင်္ဘော တစ်စီးဟာ ပစ်မှတ်ကို ကိုယ်တိုင် ဝင်ရောက် ဖောက်ခွဲပြီး ဖျက်ဆီးပစ်မယ့် ဒရုန်းတစ်မျိုးကို ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ရေတပ်မှာ အဲဒီလို စစ်လက်နက်မျိုးကို ပထမဆုံးအကြိမ် လက်တွေ့ ပစ်ခတ်မှု အနေနဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ရေတပ်မှာ LUCASလို့ အတိုကောက် ခေါ်ဝေါ်တဲ့ တန်ဖိုးနည်း မောင်းသူမဲ့ တိုက်ခိုက်ရေးစနစ်ကို စတင် အသက်သွင်းနေပြီး အခုပစ်ခတ်မှုဟာ အရေးကြီးတဲ့ အစပြုမှုတစ်ခု ဖြစ်လာတယ်လို့ အမေရိကန် အမှတ် ၅ ရေတပ်မရဲ့ အကြီးအကဲ ဒုတိယ သေနာပတိ ကာ့တ်ရန်းရှောက ပြောပါတယ်။

Independence အဆင့် တိုက်ရေယာဉ် USS Santa Barbaraဟာ ရေယာဉ်ဆီ ပြန်ရောက်လာမှာ မဟုတ်ဘဲ ပစ်မှတ်နဲ့အတူ ပေါက်ကွဲသွားမယ့် အဲဒီ တန်ဖိုးနည်း ဒရုန်းကို ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် ရေတပ်ဟာ အခုလကစပြီး အရှေ့အလယ်ပိုင်း ဒေသမှာ ဖောက်ခွဲရေး ဒရုန်းယူနစ်တစ်ခုကို စတင်ဖြန့်ကျက်ထားပြီး အဲဒီထဲကမှ ပထမဆုံး တစ်ခုကို လက်တွေ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရေတပ်မှာ သမားရိုးကျ ဒုံးကျည်တွေအပြင် LUCASရဲ့ အစိတ်အပိုင်းအဖြစ် ဖောက်ခွဲရေး ဒရုန်းတွေကို စတင် တပ်ဆင်လာတာဟာ စစ်ဆင်ရေး စွမ်းဆောင်ရည်ကို ပိုပြီး ချဲ့ထွင်နိုင်စေဖို့ ဖြစ်တယ်လို့ ရန်းရှောက ဆိုပါတယ်။

တိုက်ရေယာဉ်တွေပေါ်ကနေ ဖောက်ခွဲရေး ဒရုန်းတွေ လွှတ်တင်တဲ့အခါ လောက်လွှဲ တွန်းကန်စနစ်၊ ဒုံးကျည် အထောက်အပံ့နဲ့ ပျံတက်တဲ့စနစ်၊ တခြားပလက်ဖောင်းတွေပေါ်က ပစ်လွှတ်တဲ့ စနစ်တွေ အမျိုးမျိုး ကွဲပြားပါတယ်။ LUCASဟာ ဒေသတွင်း ရေကြောင်းလုံခြုံရေး အစီအမံတွေကို ပိုမို အားဖြည့်ပေးမယ်ဆိုတာ သံသယရှိဖို့ မလိုကြောင်း ရန်းရှောက ဆက်ပြောပါတယ်။

ရုရှားနဲ့ ယူကရိန်း စစ်ပွဲဟာ ဒရုန်းတွေရဲ့ စစ်မြေပြင် လက်တွေ့ အသုံးဝင်မှုကို အများကြီး မှတ်ကျောက် အတင်ခံနိုင်ခဲ့တဲ့နောက် အမေရိကန်ဟာ ရေတပ်သုံး ဖောက်ခွဲရေး ဒရုန်းတွေကို စတင်တပ်ဆင်ဖို့ စီစဉ်လာခဲ့တာလည်း ဖြစ်ပါတယ်။

ကိုးကား: Defense News

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် ရေတပ်ရဲ့ မျိုးဆက်သစ် တိုက်လေယာဉ် စီမံကိန်းအတွက် အပြီးသတ် ရွေးချယ်မှုကို အခုသီတင်းပတ်ထဲမှာ ပြုလုပ်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် ရေတပ်က F-35 တိုက်လေယာဉ်တစ်စီး ပျက်ကျပြီး ဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် ရေတပ်ဟာ တစ်နေ့တည်းနဲ့ တိုက်လေယာဉ် နှစ်စီးထိ အချင်းချင်း မှားယွင်း ပစ်ချမိလုနီးပါး အခြေအနေနဲ့ ကြုံတွေ့ခဲ့ကြောင်း သိရပါတယ်။