close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ ကျောင်းကားမီးလောင်၊ လိုက်ပါလာသူ အားလုံး ဘေးကင်းကင်းနဲ့ ရွှေ့ပြောင်းနိုင်ခဲ့

ထိုင်းနိုင်ငံမှာ ကျောင်းကားတစ်စီး မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ပေမယ့် ကံကောင်းထောက်မစွာနဲ့ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘူးလို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ ကျောင်းကားတစ်စီး မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ပေမယ့် ကံကောင်းထောက်မစွာနဲ့ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘူးလို့ သိရပါတယ်။

မတ်လ ၂၄ ရက်နေ့တုန်းက လေ့လာရေး ခရီးတစ်ခုကနေ ပြန်လာတဲ့ ကျောင်းကားဟာ ဘိုရိုင်မှာရှိတဲ့ စာသင်ကျောင်းဆီ မရောက်ခင် ၁၀ ကီလိုမီတာလောက် အကွာမှာ မီးလောင်မှု ဖြစ်ခဲ့တာပါ။

နှစ်ထပ် ဘတ်စ်ကားရဲ့ နောက်ဖက်ကနေ မီးစလောင်ခဲ့တာဖြစ်ပြီး မူလတန်း ကျောင်းသူ ကျောင်းသား ၃၅ ယောက်၊ သင်ကြားရေး ဝန်ထမ်း ၇ ယောက်တို့ဟာ ဘေးကင်းကင်းနဲ့ အချိန်မီ ရွှေ့ပြောင်းနိုင်ခဲ့တယ်လို့ ဒေသခံ လူမှုကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

ဘတ်စ်ကားမှာ မီးလောင်နေမှန်း သိသိချင်း ယာဉ်မောင်းဖြစ်သူ မီသီ ဖိုဆီဟာ အရေးပေါ် ထွက်ပေါက်တွေ အပါအဝင် တံခါးအားလုံးကို ဖွင့်ပေးခဲ့တာကြောင့်လည်း အားလုံး ခပ်မြန်မြန် ရွှေ့ပြောင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မှန်ကန်မြန်ဆန်တဲ့ ဆုံးဖြတ်ချက်အတွက် ချီးကျူးခံနေရတဲ့ ယာဉ်မောင်းက ကျောင်းသားတွေဟာ ညှော်နံ့လိုလို ရနေတဲ့အကြောင်း သူ့ကို လှမ်းပြောရာက မူမှန်မဟုတ်တဲ့ အခြေအနေကို စသတိပြုမိခဲ့တာလို့ ရှင်းပြခဲ့ပါတယ်။ နောက်တော့ ကားနောက်ဖက်မှာ မီးခိုးတွေ အူထွက်ပြီး မီးတောက်တွေကိုပါ သူက သတိပြုမိခဲ့ပါတယ်။

ကျောင်းကားမီးလောင်မှု အကြောင်းရင်းကို တိတိကျကျ မသိရသေးပေမယ့် ကားအဲကွန်း ဝါယာရှော့ကြောင့်လို့ သူ့တစ်ဦးတည်း အမြင်အရ ယူဆထားကြောင်း မီသီက ဆိုပါတယ်။ မီးလောင်မှု ဖြစ်ပွားတဲ့ ဘတ်စ်ကား အပါအဝင် ကျောင်းကားနှစ်စီးဟာ မူလတန်း အကြီးတန်းလို့ သတ်မှတ်ထားတဲ့ ဖရာသွမ် ၆ ကျောင်းသူကျောင်းသားတွေကို လေ့လာရေး ခရီးကနေ ပြန်လည် ခေါ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတုန်းက ယူထိုင်ထိုင်းမှာရှိတဲ့ ကျောင်းတစ်ခုရဲ့ ကျောင်းသူကျောင်းသားတွေ လိုက်ပါခဲ့တဲ့ လေ့လာရေး ခရီးစဉ် ကျောင်းကား မီးလောင်ပြီး ကလေး ၂၀ အပါအဝင် စုစုပေါင်း လူ ၂၃ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း ထိုင်းပညာရေး ဝန်ကြီးဌာနဟာ သယ်ယူပို့ဆောင်မှု လုံခြုံရေး အစီအမံတွေကို အမြင့်ဆုံး ပြင်ဆင်ဖို့ ကျောင်းတွေကို ညွှန်ကြားထားပါတယ်။ နောက်ပြီး မူလတန်း ကျောင်းသူကျောင်းသားတွေရဲ့ လေ့လာရေး ခရီးစဉ်တွေကိုလည်း တတ်နိုင်သမျှ မလုပ်ကြဖို့ပါ လမ်းညွှန်ထားကြောင်း သိရပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ