close
Connect with us

Hi, what are you looking for?

သတင်း

အတိုက်အခံခေါင်းဆောင် ဖမ်းဆီးခံရမှုအတွက် ဆန္ဒပြမှုတွေဟာ ဆိုးညစ်တဲ့ လုပ်ရပ်လို့ တူရကီ သမ္မတ စွပ်စွဲ

အတိုက်အခံ ခေါင်းဆောင် ဖမ်းဆီး ထောင်ချခံရတာကို မကျေနပ်လို့ ဆန္ဒပြနေကြတာဟာ ဆိုးညစ်တဲ့ လုပ်ရပ်တွေ၊ ဆူပူအုံကြွမှုတွေလို့ တူရကီ သမ္မတ ရာဂျစ်တာယစ်ပ် အာဒိုဝမ်က စွပ်စွဲ ပြောကြားလိုက်ပါတယ်။

Reuters

အတိုက်အခံ ခေါင်းဆောင် ဖမ်းဆီး ထောင်ချခံရတာကို မကျေနပ်လို့ ဆန္ဒပြနေကြတာဟာ ဆိုးညစ်တဲ့ လုပ်ရပ်တွေ၊ ဆူပူအုံကြွမှုတွေလို့ တူရကီ သမ္မတ ရာဂျစ်တာယစ်ပ် အာဒိုဝမ်က စွပ်စွဲ ပြောကြားလိုက်ပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ အာဒိုဝမ်ကို အဓိက စိန်ခေါ်မယ့်သူအဖြစ် ထင်ကြေးပေး စောင့်ကြည့် ခံရတဲ့ အစ္စတန်ဘူလ် မြို့တော်ဝန် အက်ခ်ရမ် အင်မမ်မိုဂလူကို တူရကီ အာဏာပိုင်တွေက ရုတ်တရက် ဖမ်းဆီးခဲ့တဲ့နောက် ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ အစ္စတန်ဘူလ်မှာ ဆန္ဒပြပွဲတွေ အစပြုလာခဲ့ပါတယ်။

အဂတိ လိုက်စားမှု စွပ်စွဲချက်နဲ့ ထိန်းသိမ်းခံထားရတဲ့ အင်မမ်မိုဂလူက သူဟာ ဘာအပြစ်မှ မကျူးလွန်ကြောင်းနဲ့ သူ့ကို အစိုးရက နိုင်ငံရေးအရ လုပ်ကြံတာသာဖြစ်ကြောင်း စွပ်စွဲခဲ့ပြီး အာဒိုဝမ်ကတော့ ငြင်းဆိုထားပါတယ်။

မတ်လ ၂၄ ရက်နေ့မှာတော့ ဆန္ဒပြပွဲတွေက ပိုမို အရှိန်ကောင်းလာပြီး အစ္စတန်ဘူလ် မြို့တော်ခန်းမ အပါအဝင် နေရာတချို့မှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ ရဲတွေက ဆန္ဒပြသူတွေကို ရာဘာကျည်တွေ၊ မီးသတ်ပိုက်တွေ၊ မျက်ရည်ယိုဗုံးတွေ အသုံးပြုပြီး ဖြိုခွဲခဲ့တယ်လို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနေ့က ဆန္ဒပြပွဲတွေ ပိုမို အရှိန်မြင့်မလာခင် ကတည်းက ဆန္ဒပြသူ ၁၁၃၃ ဦးကို ဖမ်းဆီးခဲ့ပြီး ဖြစ်တယ်လို့ အစိုးရက ထုတ်ပြန်တဲ့ ကိန်းဂဏန်း အချက်အလက်တွေအရ သိရပါတယ်။

အာဒိုဝမ်က နိုင်ငံရဲ့ အကြီးဆုံး မြို့ဖြစ်တဲ့ အစ္စတန်ဘူလ်မှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ဆိုးညစ်တဲ့ လုပ်ရပ်တွေလို့ ပြောကြားခဲ့ပါတယ်။ ပြီးတော့ အတိုက်အခံ ပါတီတွေဟာ အဲဒီဆူပူမှုတွေကို မီးစာဖြည့်ပေးနေတယ်လို့လည်း စွပ်စွဲသွားပါတယ်။

အာဒိုဝမ်က အင်မမ်မိုဂလူ အဖမ်းခံရမှု နောက်ကွယ်မှာ သူက ကြိုးကိုင်နေတယ် ဆိုတာကိုလည်း ငြင်းဆိုခဲ့ပြီး မဟုတ်မမှန် စွပ်စွဲ ပြောဆိုမှုတွေကို ရပ်တန်းက ရပ်ကြဖို့လည်း သတိပေးသွားပါတယ်။ အတိုက်အခံ ရီပတ်ဘလစ်ကန် ပြည်သူ့ပါတီ (CHP) ပါတီခေါင်းဆောင် အော့ဇ်ဂူအာ အော့ဇဲလ်ကတော့ ဆန္ဒပြမှုတွေဟာ ဖက်ဆစ်ဝါဒကို ဆန့်ကျင်တဲ့ လူထုဖီဆန်မှု ဖြစ်တယ်လို့ ပြောပါတယ်။

CHPဟာ လက်ရှိ အဖမ်းခံထားရတဲ့ အင်မမ်မိုဂလူကိုပဲ ၂၀၂၈ ရွေးကောက်ပွဲအတွက် ပါတီကိုယ်စားပြု သမ္မတလောင်းနေရာမှာ တင်မြှောက်ဖို့ ဆုံးဖြတ်ထားဆဲ ဖြစ်ပါတယ်။

အာဒိုဝမ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်အတွင်း သမ္မတနဲ့ ဝန်ကြီးချုပ် ရာထူးတွေကို ပြောင်းလဲရယူပြီး တူရကီ နိုင်ငံကို အုပ်ချုပ်နေခဲ့တာပါ။ သူဟာ သမ္မတသက်တမ်း နှစ်ဆက်ပြည့်အောင် ထမ်းဆောင်ပြီး ဖြစ်တာကြောင့် လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မပြောင်းလဲဘူးဆိုရင် ၂၀၂၈ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် မရနိုင်တော့ပါဘူး။ ဒါပေမဲ့ အာဒိုဝမ်ဟာ နိုင်ငံအာဏာကို လက်လွှတ်မယ့် အလားအလာ မရှိလောက်ဘူးလို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

အင်မမ်မိုဂလူကတော့ လက်ရှိ တူရကီ နိုင်ငံရေးမှာ အာဒိုဝမ်ကို စိန်ခေါ်နိုင်ဖို့ အလားအလာ အကောင်းဆုံး ပြိုင်ဘက်အဖြစ် မှတ်ယူခြင်း ခံထားရသူ ဖြစ်ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တူရကီ သမ္မတ ရာဂျစ်တာယစ် အာဒိုဝမ်ရဲ့ အဓိက နိုင်ငံရေး ပြိုင်ဘက် အဖမ်းခံရခြင်းဟာ အာဏာသိမ်းမှုနဲ့ မခြားဘူးလို့ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေက ပြင်းပြင်းထန်ထန် ဝေဖန်နေပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲနဲ့ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ကြဖို့ ဆန္ဒပြသပိတ်တွေ ဒီကနေ့ (မတ်လ ၁၂)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သတင်း

သုည/People’s Spring အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တော်ခန်းမရှေ့တွင် ပြည်ပရောက်​ မြန်မာများက (၁၅၂)ကြိမ်မြောက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုကို ယနေ့ (မတ်လ ၉) ပြုလုပ်ခဲ့သည်။ အဆိုပါဆန္ဒပြမှုကို “အထွေထွေအကျပ်အတည်းအောက်က ရုန်းထွက်ကြ ဘုံရန်သူကို ထွက်ပေါက်မပေးကြနဲ့” ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ပြီး Free Burma Action...

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီရဲ့ အထွေထွေဖိနှိပ်ကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။