close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လိင်တူချင်း ထိမ်းမြားခွင့် ဥပဒေ ထိုင်းနိုင်ငံမှာ စတင် အသက်ဝင်

ထိုင်းနိုင်ငံမှာ လိင်တူချင်း ထိမ်းမြားခွင့် ဥပဒေ ပထမဆုံး စတင် အသက်ဝင်မယ့်နေ့မှာ ရာပေါင်းများစွာသော လိင်တူ ချစ်သူ စုံတွဲတွေ လက်ထပ်ကြဖို့ စီစဉ်ထားပါတယ်။

ထိုင်းနိုင်ငံမှာ လိင်တူချင်း ထိမ်းမြားခွင့် ဥပဒေ ပထမဆုံး စတင် အသက်ဝင်မယ့်နေ့မှာ ရာပေါင်းများစွာသော လိင်တူ ချစ်သူ စုံတွဲတွေ လက်ထပ်ကြဖို့ စီစဉ်ထားပါတယ်။

လိင်တိမ်းညွှတ်မှု စုံလင်ကွဲပြားသူ LGBTQ အသိုက်အဝန်းက ကာလရှည်ကြာ စောင့်စားခဲ့ရတဲ့ ဥပဒေဟာ ဇန်နဝါရီ ၂၃ ရက်နေ့မှာ စတင် အသက်ဝင်မှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်မှာတော့ LGBTQ စုံတွဲတွေ အစုလိုက် လက်ထပ်မယ့် အခမ်းအနား တစ်ခုကို မြို့တော် အာဏာပိုင်တွေနဲ့ လိင်တူ အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Bangkok Prideတို့က ပူးပေါင်း စီစဉ်ထားပါတယ်။ ဒါ့အပြင် နိုင်ငံအနှံ့က တရားရုံးတွေမှာလည်း လိင်တူချစ်သူတွေ ထိမ်းမြားလက်ထပ်မှု မှတ်ပုံတင်တာတွေ အများအပြား ရှိလာမယ်လို့ ယုံကြည်ရပါတယ်။

ထိုင်းဟာ လိင်တူထိမ်းမြားခွင့်ကို တရားဝင် စတင်ကျင့်သုံးတဲ့ အာရှနိုင်ငံတွေထဲမှာ လူဦးရေ ကိန်းဂဏန်းအရ အကြီးဆုံး နိုင်ငံလည်း ဖြစ်လာပါတယ်။

ထိုင်းဟာ ဥပဒေသစ် မပြဋ္ဌာန်းခင် ကတည်းက LGBTQ အသိုက်အဝန်းရဲ့ လူနေမှုဘဝ၊ လူထုရဲ့ လက်ခံဆက်ဆံမှု အခြေအနေတွေမှာ ကောင်းမွန်တဲ့ ညွှန်ကိန်းတွေ ရှိခဲ့ပြီးသားပါ။ ဇန်နဝါရီ ၂၃ ရက်နေ့မှာတော့ ထိုင်းဟာ အရှေ့တောင်အာရှ ဒေသတွင်းမှာ လိင်တူထိမ်းမြားခွင့်ကို တရားဝင် အသိအမှတ်ပြုတဲ့ ပထမဆုံး နိုင်ငံအနေနဲ့ပါ မှတ်တမ်းဝင်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းရဲ့ ထိမ်းမြားလက်ထပ်မှု ဥပဒေ အပြောင်းအလဲကို မနှစ်က ဇွန်လတုန်းက လွှတ်တော်ရဲ့ သမိုင်းဝင် မဲခွဲဆုံးဖြတ်မှုနဲ့ အတည်ပြုခဲ့ပါတယ်။ ဒါကြောင့် ထိုင်းဟာ ထိုင်ဝမ်နဲ့ နီပေါတို့နောက်ပိုင်း အာရှတိုက်ရဲ့ တတိယမြောက် လိင်တူ ထိမ်းမြားခွင့်ရှိတဲ့ နိုင်ငံအဖြစ် မှတ်တမ်းဝင်လာခဲ့ပါတယ်။ အောက်တိုဘာလမှာတော့ ဥပဒေ အပြောင်းအလဲကို ထိုင်းဘုရင် မဟာ ဗဂျီရာလောင်ကွန်းက အတည်ပြုပေးခဲ့တာကြောင့် ရက်ပေါင်း ၁၂၀ ကြာပြီးချိန်မှာ စတင် အသက်ဝင်ခဲ့တာပါ။

ဥပဒေ အပြောင်းအလဲအရ ထိမ်းမြားလက်ထပ်ရာမှာ အမျိုးသားနဲ့ အမျိုးသမီး၊ ခင်ပွန်းနဲ့ ဇနီးသာ ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေကို ပယ်ဖျက်ပေးခဲ့ပါတယ်။ နောက်ပြီး လိင်တူ ဇနီးမောင်နှံတွေအတွက် ကလေးမွေးစားခွင့်နဲ့ အမွေဆက်ခံဖို့ ဆုံးဖြတ်ပိုင်ခွင့်တွေကိုပါ ဥပဒေက လက်ခံပေးခဲ့ပါတယ်။

၂၀၀၁ ခုနှစ်တုန်းက နယ်သာလန်ဟာ လိင်တူ ထိမ်းမြားလက်ထပ်မှုကို ခွင့်ပြုတဲ့ ပထမဆုံး နိုင်ငံ ဖြစ်လာခဲ့ပြီး လက်ရှိ ကာလမှာတော့ အလားတူ လက်ခံထားတဲ့ နိုင်ငံပေါင်း ၃၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

တစ်နိုင်ငံတည်းသားတွေကို ထိုင်းနိုင်ငံထဲ မှောင်ခို ခေါ်သွင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံသား နှစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

သတင်း

၂၀၂၄ ပထမ ၉ လအတွင်းမြန်မာတွေက ကွန်ဒို အခန်းပေါင်း ၁၀၅၀ ကို ဘတ် ၅၄၆၃သန်းဖိုးဝယ်ယူခဲ့

သတင်း

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ဒီဇင်ဘာ ၁၉နဲ့ ၂၀ရက်တွေမှာ ဆွေးနွေးပွဲတွေကျင်းပနေခြင်းဖြစ်ပြီး မနက်ဖြန်(ဒီဇင််ဘာ ၂၀ရက်)ဆွေးနွေးပွဲမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ဆွေးနွေးကြမယ်လို့ သိရပါတယ်။

သတင်း

KNUသည် မြန်မာ - ထိုင်းနယ်စပ်တလျှောက် အခြေပြုလှုပ်ရှားနေသည့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ဝင်ဖြစ်ပြီး လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီကို တော်လှန်တိုက်ခိုက်လျက်ရှိသည်။