Hi, what are you looking for?
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလ ၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တဦးဖြစ်သည့် ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွန်မော် တို့နှင့် ချင်းညီနောင်ခေါင်းဆောင်များ သီးခြားစီတွေ့ဆုံခဲ့ကြောင်း ချင်းညီနောင် စစ်ရေးကော်မတီ အတွင်းရေးမှူး ဆလိုင်းတင်မီက၎င်း၏ဖေစ်ဘွခ်မှတဆင့် အသိပေးထားသည်။
ချင်းဒေသကာကွယ်ရေးတပ်(CDF) ဟွာလ်ငိုးရမ်းနှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) အကြား တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်၍ ချင်းပြည်ကောင်စီက ဇွန်လ ၃ရက်ညပိုင်းက ကြေညာချက်ထုတ်ပြန်ခဲ့ရာ နှစ်ဖက်အဖွဲအစည်းမှ ခေါင်းဆောင်များအနေဖြင့် ပြန်လည်ချေဖျက်မရသည့် ချင်းလူမျိုးအချင်းချင်းကြား ကြီးမားသော စစ်ရေးပဋိပက္ခများကို မဖန်တီးရန်တိုက်တွန်းခဲ့သည်။