close
Connect with us

Hi, what are you looking for?

သတင်း

ရွှေကူမြို့အနီး တိုက်ပွဲဖြစ်နေ

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာဒီနေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလက်နက်ကြီးတွေပစ်ခတ်နေသလို ဒေသခံတွေဟာ ဘေးပတ်ဝန်းကျင်မြို့တွေကိုရှောင်တိမ်းလာကြတယ်လို့သိရပါတယ်။

(ကချင်ပြည်နယ်၊ ရွှေကူမြို့က စစ်တပ်စခန်း သိမ်းပိုက်ပြီးနောက် တွေ့ရတဲ့ KIA နဲ့ KPDF များ။ ။ဓာတ်ပုံ-မြို့လှ-KPDF)

ဇွန်-၁၁၊၂၀၂၆။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာဒီနေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလက်နက်ကြီးတွေပစ်ခတ်နေသလို ဒေသခံတွေဟာ ဘေးပတ်ဝန်းကျင်မြို့တွေကိုရှောင်တိမ်းလာကြတယ်လို့သိရပါတယ်။

ရွှေကူမြို့ ၄လမ်းဆုံ၊ ပန်းတင်ရွာနဲ့ငါးဘတ်ကြီးရွာတွေဘက်မှာဇွန်လ၁၁ရက် မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားခဲ့တာလို့ဒေသခံတွေကပြောပါတယ်။

” တိုက်ပွဲကပြင်းပြင်းထန်ထန်ဖြစ်သွားတယ်။ ၄လမ်းဆုံဘက် လက်နက်ကြီးကျလို့လူထိခိုက်တယ်လို့ ပြောနေကြတယ်။ လေကြောင်းသတိပေးချက်တွေလည်း ကျနော်တို့ကြားတယ်” လို့ ရွှေကူမြို့ကနေတိမ်းရှောင်လာခဲ့သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ကချင်လွတ်မြောက်ရေးတပ် (KIA) လက်အောက်ခံ တပ်ရင်း (၁၂) က ရွှေကူမြို့နယ်မှဒေသခံများ မြို့မှခေတ္တတိမ်းရှောင်ဖို့ ဇွန်လ၈ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ စစ်တပ်က မြို့ကို ပိတ်ဆို့ခဲ့ပြီး ဒေသခံတွေကိုလည်းမြို့ကနေမထွက်ခွာဖို့ ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။

“တော်တော်များများလည်းမထွက်ကြဘူး။ ထွက်တဲ့သူတွေလည်းရှိပါတယ်။ဒါပေမယ့် စစ်တပ်က ပိတ်ဆို့ထားတော့ ပုံမှန်မဟုတ်တဲ့လမ်းတွေကနေ ရှောင်ကြရတာ”လို့ ရွှေကူမြို့ခံတစ်ဦးကပြောပါတယ်။

ရွှေကူမြို့ဒေသခံတွေဟာ ဒီနေ့မနက်ပိုင်းမှာ ကားတွေနဲ့ မိုးမိတ်မြို့ဖက်ကိုတိမ်းရှောင်လာတယ်လို့ မိုးမိတ်ဒေသခံတွေကပြောပါတယ်။ ဒီနေ့ဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသတွင်းစစ်ရေးနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။ KIA နဲ့ နီးစပ်တဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကတော့ တိုက်ပွဲဖြစ်ပွားနေတာမှန်ကန်ပြီး အသေးစိတ်မပြောနိုင်သေးဘူးလို့ ဒီနေ့ညပိုင်းမှာ People’s Spring ကို ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ကိုရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းတွေက စစ်ရေးတင်းမာနေတဲ့ ရွှေကူနဲ့ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့အတွက် ခရီးသည်တင်ကားတွေမှာ အရပ်သားဟန်ဆောင်ပြီး အင်အားပို့ဆောင်နေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေရာ ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား ယနေ့ ဇွန်လ ၁၀ရက် မနက်အထိ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်အသက်သွင်းခြင်းဟာ အချိန်အခါမဟုတ်ဘဲ၊ ပါဝင်ပတ်သက်သူများ ကြား ကွဲပြားမှုကို ပိုမိုဖြစ်စေပြီး လက်နက်ကိုင်ပဋိပက္ခကို ပိုမိုပြင်းထန်လာစေနိုင်ကြောင်း ကချင်အဖွဲ့တွေ အပါအဝင်အဖွဲ့အစည်း ၁၂၉ဖွဲ့ရဲ့ ကချင်ဒေသတကျော့ပြန်စစ်ပွဲ (၁၅) နှစ်ပြည့်အထိမ်းအမှတ် ပူးတွဲသဘောထားထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သတင်း

ငါသိုင်းချောင်း-ဂွလမ်းပိုင်းအနီးတောလမ်းကနေ ရခိုင်ပြည်နယ်ဘက်ကို ဝင်ဖို့ကြိုးစားနေတဲ့ စစ်တပ်စစ်ကြောင်းကို ‌ရေကြည်မြို့နယ်နဲ့ဆက်စပ်နေတဲ့ရခိုင်ရိုးမမှာ အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တွေက ပိတ်ဆို့တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။