close
Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်မှာ စစ်ရှောင်တွေရှိတဲ့ဘုန်းကြီးကျောင်း စစ်တပ်စီးနင်းပြီး အဘွားအို ၁ဦး ပစ်သတ်

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်မှာ စစ်ဘေးရှောင်တွေရှိတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ် ဝင်စီးပြီး အသက်(၈၀)ကျေ ာ်အဘွားအို ၁ဦးကိုသတ်ဖြတ်ကာ ဖုန်းတွေသိမ်းယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းတပ်သားတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ)

ဇွန်-၆၊၂၀၂၆။ကတ်သရင်းနှင်း/People’s Spring

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်မှာ စစ်ဘေးရှောင်တွေရှိတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ် ဝင်စီးပြီး အသက်(၈၀)ကျေ ာ်အဘွားအို ၁ဦးကိုသတ်ဖြတ်ကာ ဖုန်းတွေသိမ်းယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၄ရက်က ပျူစောထီး နဲ့စစ်သား ပူးပေါင်း စစ်ကြောင်းဟာ မနက်ပိုင်းမှာ ငါန်းဇွန်မြို့နယ်ကထွက်လာပြီး မြို့တောင်ဘက်က ထွန်းသာကျေးရွာ ဘုန်းကြီးကျောင်းကို ဝင်ရောက်စီးနင်းကာ ဆေးကင်းရွာကနေ စစ်ဘေးရှောင်နေတဲ့ အသက်(၈၀) အရွယ် အဘွားအိုကို သတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။

အဲဒီဘုန်းကြီးကျောင်းမှာ ဆေးကင်းရွာက စစ်ဘေးရှောင်ပြည်သူ ၇၀ကျော်ရှိပြီး စစ်တပ်က ဝင်ရောက်စီးနင်းချိန်မှာ သံဃာ‌တွေကိုပါ ဝမ်းလျားမှောက်ခိုင်းပြီး စစ်ရှောင်တွေရဲ့ ဖုန်းနဲ့ ဆိုင်ကယ်တွေ သိမ်းယူသွားတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

” ဘာလို့စစ်ကြောင်းထိုး နေသလဲဆိုတာကို ပြောရခက်ပါတယ်။ပတ်လည်ကို ပတ်ချာလှည့်ထိုးနေတာ။တချို့စစ်ကြောင်း တွေကလူသတ်တယ်။တချို့စစ်ကြောင်း တွေကဘာမှလုပ်မသွားဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီနေ့မှာလည်း ငါးဇွန်မြို့ရဲ့ အရှေ့ဘက်က ကျေးရွာတွေကို မနက်ပိုင်းကတည်းက ပျူနဲ့ စစ်သားတွေ စစ်ကြောင်းထိုး နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ၂‌‌၇ ရက်ကလည်း ငါန်းဇွန်မြို့ရဲ့ မြောက်ဘက်က ကုလားရွာနဲ့ဓာတ်တော်ကျေးရွာတို့ကို စစ်တပ်က စီးနင်းပစ်ခတ်ပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၆ဦး သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ ပတ်သက်တဲ့ ပစ္စည်းကိရိယာတွေ၊ ရိက္ခာတွေ တင်ဆောင်တာ လုံး၀ မပြုလုပ်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)-ပူတာအိုက ဒီကနေ့ ဇွန်လ ၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ ချင်းတော်လှန်ရေး တပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲဆက်ဖြစ်နေဟု ဒေသခံက ဒီကနေ့ ဇွန်လ ၅ရက် ညနေမှာ ပြောကြားပြီး ချင်းတော်လှန်ရေးရဲဘော်အချို့လည်း ကျဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကမြစ်ခြေမြို့မှာကလေးငယ်တွေအပါအဝင်အရပ်သား၄၀ကျော်သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။