close
Connect with us

Hi, what are you looking for?

သတင်း

မြိတ်ခရိုင်တပ်ရင်း(၃)ကို NUG ဒုတိယအကြိမ် လက်နက်တပ်ဆင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း(၃)ထံသို့ ဒုတိယအကြိမ်အဖြစ် လက်နက်များ တပ်ဆင်ပေးအပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တနင်္သာရီတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေး

တော်လှန်ရေးအဆုံးသတ်အောင်ပွဲအတွက် ရဲဘော်တွေအသင့်ရှိကြဖို့ တနင်္သာရီတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး မှာကြား

ဧပြီ-၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း(၃)ထံသို့ ဒုတိယအကြိမ်အဖြစ် လက်နက်များ တပ်ဆင်ပေးအပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တနင်္သာရီတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

လက်နက်တပ်ဆင်ပေးတဲ့ အခမ်းအနား ကျင်းပရာ နေရာနဲ့ နေ့ရက်ကို ဖော်ပြမထားပေမယ့် အခမ်းအနား မှတ်တမ်းဓာတ်ပုံတွေကို ဖော်ပြခဲ့ရာ လက်နက် အလက် ၂၅ လက်ဝန်းကျင် တပ်ဆင်ပေးခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် တိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ချက်အရ မြိတ်ခရိုင် တပ်ရင်း(၃) တပ်ရင်းမှူး ရဲဘော် အယ်ကြီးက လက်နက်လက်ခံရယူခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း(၃) သည် တနင်္သာရီမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဘက်မလိုက်ပြောက်ကျား)မှ ပြည်သူ့ကာကွယ်ရေးတပ်မတော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး စစ်ရုံးချုပ်မှ PDF တပ်ရင်းအဖြစ် တရားဝင်အသိအမှတ်ပြုပြီးနောက် ဒုတိယအကြိမ်အဖြစ် လက်နက်တပ်ဆင်ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း ရှင်းပြထားပါတယ်။

တနင်္သာရီတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော်စတားနဲ့ တိုင်းစစ်ဆင်ရေးအရာရှိ ရဲဘော်စီဝမ်းတို့က အမှာစကား ပြောကြားခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

နွေဦးတော်လှန်ရေးကာလ (၅)နှစ်ကျော်အတွင်း တနင်္သာရီတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ မြိတ်ခရိုင် တပ်ရင်း(၃)အပါအဝင် တပ်ရင်းတပ်ဖွဲ့တွေအနေနဲ့ စိန်ခေါ်မှု အခက်အခဲများကြားမှ ကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့တဲ့အပေး ဂုဏ်ယူကြောင်း တနင်္သာရီတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော်စတားက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် PDF ဟာ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဆင့်ကဲကွပ်ကဲမှုအောက်တွင်သာ အခိုင်အမာရပ်တည်လျက်ရှိပြီး ရန်သူရဲ့ ဘယ်လို နှောက်ယှက်သွေးခွဲမှု ကြောင့်မျှ ယိမ်းယိုင်မယ်မဟုတ်လို့ လည်း ရဲဘော် စတားက ပြောကြားပါတယ်။

တော်လှန်ရေးရည်မှန်းချက်ရောက်ရှိတဲ့အထိ တစိုက်မတ်မတ် လျှောက်လှမ်းသွားမယ်ဖြစ်သလို တော်လှန်ရေးရဲ့ အဆုံးသတ်အောင်ပွဲရရှိရေးအတွက် ရဲဘော်များအားလုံး အမြဲတမ်းအသင့်ရှိနေကြဖို့လည်း တိုင်းစစ်ဌာန ကွပ်ကဲရေးမှူးက မှာကြားခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများအားလုံး ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုကြောင့် ယခုချိန်အထိ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ကြောင်းတိုင်းစစ်ဆင်ရေးအရာရှိ ရဲဘော်စီဝမ်းက ပြောကြားပါတယ်။

ဒါ့အပြင် လေ့ကျင့်သားပြည့်ဝသော ရဲဘော်များဖြစ်စေဖိုပနဲ့ COC နှစ်ရပ်ကို လိုက်နာပြီး ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ကြဖို့ လေ့ကျင့်ရေး နဲ့ စစ်ဆင်ရေးများ တပြေးညီဆောင်ရွက်သွားဖို့လည်း တိုင်းစစ်ဆင်ရေးအရာရှိက ရဲဘော်တွေကို မှာကြားခဲ့ပါတယ်။

ဒါ့အပြင် အမှတ်(၃၃)နည်းဗျူဟာမှူး ရဲဘော် စောဒါးကို၊ အမှတ်(၃၅) နည်းဗျူဟာမှူး ရဲဘော် ကျော်ထင်အောင်တို့လည်းတက်ရောက်အမှာစကား ပြောကြားခဲ့ပြီး မြိတ်ခရိုင်တပ်ရင်း(၃)တပ်ရင်းမှူး ရဲဘော် အယ်ကြီးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း တနင်္သာရီတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနှစ်သစ် ၁၃၈၈ ခုနှစ်ဟာ မိဘပြည်သူတို့ မျှော်ရည်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပြီး တော်လှန်ရေးအောင်ပွဲသို့ အရောက်လှမ်းနိုင်တဲ့ နှစ်တနှစ်ဖြစ်စေဖို့ အစွမ်းရှိသ​ရွေ့အားထုတ်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ နှစ်သစ်ကူး ဆုမွန်မှာ ရေးသား ဖော်ပြအသိပေးပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ ဧပြီ ၁၁ရက်ကထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PDF မြိတ်ခရိုင် အမှတ်(၂) တပ်ရင်းက ဒီကနေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

ဒလပန်း/People’s Spring အရင်ရက်တွေလိုပဲရှေ့တန်းမှာ အာဏာသိမ်းစစ်တပ်ကိုအပြင်းအထန်ခုခံတိုက်ပွဲဝင်နေတဲ့ရဲဘော်တွေအတွက် ထမင်းနဲ့ ဟင်းတွေလာပို့ကြတယ်။ ဟင်းက ခရမ်းသီးနှပ်ပါ။ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေအတွက် လက်နက်ခဲယမ်းက အရေးပါသလို စားနပ်ရိက္ခာကလည်း အရေးကြီးလှပါတယ်။ ရန်သူနဲ့အသက်ချင်းထပ်ပြီးတိုက်ပွဲဝင်ရတဲ့ ရှေ့တန်းစစ်မျက်နှာမှာ ရဲဘော်တွေအတွက် အဟာရ ပြည့်ဝဖို့လိုပါတယ်။အဟာရ ပြည့် အားရှိမှသာ ပင်ပန်းဆင်းရဲမှုဒဏ်ကို ခံနိုင်ပြီး...

သတင်း

ချင်းတော်လှန်ရေးတပ်ဖွဲ့တွေသာမက စစ်တပ်ကိုတော်လှန်နေတဲ့ မဟာမိတ်အဖွဲ့တွေအားလုံး စုစည်းနိုင်ပါက တော်လှန်ရေး ပိုထိရောက်မှာဖြစ်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) CDM Siyin(စီးယင်း) စစ်ဦးစီးချုပ် Thawng Puက ပြောပါတယ်။

Facebook