close
Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြဖို့ နယ်သာလန်နဲ့ သြစတြေးလျရောက်မြန်မာတွေ တောင်းဆိုဆန္ဒပြ

နယ်သာလန်နဲ့ သြစတြေးလျနိုင်ငံရောက် မြန်မာတွေက နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြဖို့အတွက် “ Proof of life” ဆန္ဒပြတောင်းဆိုလှုပ်ရှားမှု ဒီကနေ့ (မေလ ၁၇)မှာ ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ - ကိုထင်လင်း၊ CJ

မေ-၁၇၊၂၀၂၆။ သုည/People’s Spring

နယ်သာလန်နဲ့ သြစတြေးလျနိုင်ငံရောက် မြန်မာတွေက နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြဖို့အတွက် “ Proof of life” ဆန္ဒပြတောင်းဆိုလှုပ်ရှားမှု ဒီကနေ့ (မေလ ၁၇)မှာ ပြုလုပ်ခဲ့ကြပါတယ်။

နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပါလီမန်လွှတ်တော်ရှေ့မှာ မြန်မာတွေ စုပေါင်းပြီး စစ်တပ်ရဲ့ မတရားဖမ်းဆီးခံထားရတဲ့ အသက် (၈၁)အရွယ်ရှိပြီဖြစ်တဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေနဲ့ပတ်သက်တဲ့ အာမခံချက်ရှိသော သက်သေ (Proof of Life) ပြသဖို့ တောင်းဆိုဆန္ဒပြခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း တိကျတဲ့ သက်သေပြချက်ရရှိရေး နိုင်ငံတကာအနေနဲ့ မြန်မာစစ်တပ်ကို ဖိအားပေးဖို့၊ နိုင်ငံရေးအကျဥ်းသားတွေနဲ့ အတူ ခြွင်းချက်မရှိ လွှတ်ပေးဖို့ အတွက်လည်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် နယ်သာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနအား ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်ရှင်နေမှု အထောက်အထား တောင်းဆိုမှုကို ပြည်သူရှေ့မှ ထောက်ခံပေးရန်၊ သံတမန်ရေးလမ်းကြောင်းနဲ့ နိုင်ငံတကာဆိုင်ရာ ဆွေးနွေးပွဲတွေမှာ တင်ပြဆွေးနွေးပေးရန်၊ မြန်မာစစ်တပ်အား သူမရဲ့ အခြေအနေနဲ့ ကျန်းမာရေးကို လွတ်လပ်စွာ စစ်ဆေးအတည်ပြုရန် ခွင့်ပြုပေးဖို့ တောင်းဆိုပေးရန်၊ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုတန်ဖိုးကို ကာကွယ်ရန် ကြိုးပမ်းနေသော မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပေးရန် တောင်းဆိုခဲ့ပါတယ်။

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာလည်း ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေးလိုလားသူတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး ဆုတောင်း ဆန္ဒပြပွဲကို ပြုလုပ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ တောင်းဆိုတဲ့ Proof of Life ကမ်ပိန်းကို ဧပြီ ၂၁ ရက်က စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးခဲ့တဲ့ အချိန်ကတည်းက ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ခဲ့ပြီး သတင်းဖုံးထားတာကြောင့် သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်အပါအဝင် ပြည်သူတွေက စိုးရိမ်နေကြတာပါ။

Proof Of Life ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ ဆိုရှယ်မီဒီယာကနေ ကိုယ့်ရဲ့ခံစားချက်တွေအတိုင်း တောင်းဆိုဖို့နဲ့ ကိုယ်နေထိုင်တဲ့ နိုင်ငံတွေက သက်ဆိုင်ရာအစိုးရဌာနတွေကနေ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အထောက်အထားတစ််ခုခု စစ်တပ်ကထုတ်ပြန်ပေးဖို့ အကူအညီတောင်းဆိုမှု လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံလန်ဒန်မြို့ပါလီမန်ရှေ့မှာပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ ရှိနေကြောင်း သက်သေပြပေးဖို့အတွက် "PROOF OF LIFE" လှုပ်ရှားမှုကို ​မေ ၁၇ရက်ကပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း ပေါက်မြို့နယ်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာရှိနေကြောင်း သက်သေပြပေးဖို့ Proof of Life ကမ်ပိန်း လူထုလှုပ်ရှားမှုကို ဒီကနေ့ (မေလ ၁၄ ရက်)က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ တော်လှန်ပြည်သူတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့အတွက် "Proof of life" ငြိမ်းချမ်းစွာ စုပေါင်းဆန္ဒပြတောင်းဆိုမှုကို ဒီကနေ့ (မေလ ၁၄ ရက်)က ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုဗေးဧရိယာမှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြဖို့ "Proof of life" ဆန္ဒပြတောင်းဆိုမှုကို မေလ ၁၀ ရက်မှာကျရောက်တဲ့ "အမေများနေ့"မှာ ပြုလုပ်ခဲ့ပါတယ်။

Facebook