close
Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲတွေဖြစ်နေတဲ့ ဝင်းတာပန်တပ်စခန်းကို စစ်တပ်က လေယာဉ်နဲ့ ခဲယမ်းထုပ်တွေချပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ သထုံခရိုင်၊ ဘီးလင်းမြို့နယ်က ဝင်းတာပန်တပ်စခန်းကို စစ်တပ်က လေယာဉ်နဲ့ အထုပ်တွေ ချပေးခဲ့တယ်လို့ KNUသထုံခရိုင်သတင်းရင်းမြစ်က ပြောပါတယ်။

(ဝင်းတာပန်တပ်စခန်းကို စစ်တပ်က လေယာဉ်နဲ့ ခဲယမ်းထုပ်တွေချပေးပြီး ပါရာ​မော်တာဖြင့်ဗုံးကြဲနေစဉ်။ ဓာတ်ပုံ - ပေးပို့)

မေ-၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ သထုံခရိုင်၊ ဘီးလင်းမြို့နယ်က ဝင်းတာပန်တပ်စခန်းကို စစ်တပ်က လေယာဉ်နဲ့ အထုပ်တွေ ချပေးခဲ့တယ်လို့ KNUသထုံခရိုင်သတင်းရင်းမြစ်က ပြောပါတယ်။

မေလ ၄ရက်မှာ စစ်တပ်က ဝင်းတာပန်ကျေးရွာကို ပါရာမော်တာ ၂စီးနဲ့ ဦးစွာ တိုက်ခိုက်က်ပြီး နေ့လည် ၁၁နာရီ ၄၅မိနစ်လောက်မှာ Y8 လေယာဉ်နဲ့ အထုပ်တွေ ချပေးခဲ့တာလု့ ဆိုပါတယ်။ မွန်းလွဲပိုင်းနဲ့ ညနေပိုင်းမှာလည်း စစ်တပ်က Y8 နဲ့ အထုပ်တွေ ထပ်မံလာချပေးသလို စစ်ကူစစ်ကြောင်းကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်းတာပန်းကျေးရွာအတွင်း ပစ်ခတ်ဝင်ရောက်ခဲ့တယ်လို့ ပြောပါတယ်။

စစ်တပ် ဝင်းတာပန်ရွာအတွင်းဝင်ရောက်သွားပြီးနောက် ပြည်သူတွေရဲ့နေအိမ်ကိုလည်း မီးလောင်တာ မီးခိုးထွက်တာတွေ မြင်တွေ့ရတယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

အထူးတိုင်းစစ်ဌာနရဲ့ မေလ ၅ရက်တိုက်ပွဲ သတင်းထုတ်ပြန်ချက်မှာ ဘီးလင်းမြို့နယ် ဝင်းတာပန် ဒေသ စစ်ရေးအခြေအနေကို ဖော်ပြထားပါတယ်။ စစ်တပ်ဟာ ၀င်းတာပန် ရွာ၊ ကျောက်ဖျာရွာတွေကို နေ့စဉ် လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီး ၊ ဒရုန်း၊ စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတာတွေ ပြုလုပ်ခဲ့လို့ ဝင်းတာပန်ရွာ နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့တယ်လု့ ဆိုပါတယ်။

မေလ ၄ရက်မှာ စစ်တပ် လေကြောင်းကချပေးတဲ့ထဲက ဗုံးသီး ၁လုံးနဲ့ ကျည် ၁၈၀၀၀သိမ်းရခဲ့ကြောင်းလည်း အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။

KNUနဲ့ PDF ပူးပေါင်းတပ်တွေဟာ ဘီးလင်းမြို့နယ်က လေးကေနဲ့ ဝင်းတာပန်စခန်းကို ဧပြီက စတင်ထိုးစစ်ဆင်ခဲ့ရာ ဧပြီ ၁၂ရက်မှာ လေးကေစခန်းကို သိမ်းရခဲ့ပါတယ်။

ဝင်းတာပန်စခန်းကို ဆက်လက်တိုက်ခိုက်လျက်ရှိရာ စစ်တပ်က တိုက်ပွဲဖြစ်ပွားရာ နေရာတွေကိုသာမက အရပ်သား ပြည်သူနေထိုင်ရာတွေကု ဗုံးကြဲတိုက်ခိုက်နေလို့ နေအိမ်ပျက်စီးမှု များပြားလျက်ရှိတယ်လို့ သထုံခရိုင်သတင်းရင်းမြစ်က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က ကောက်ကျစ်တဲ့နည်းလမ်းတွေ၊ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ဝါဒဖြန့်ချီရေးနည်းလမ်းတွေ ပိုအသုံးပြုလာမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF) ဗဟိုကော်မတီဝင်၊ အတွင်းရေးမှူး (၁)ရဲဘော်ဒါမိုးက သတိပေးပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်ကို စစ်တပ်ကစစ်​ကြောင်း​တွေထိုးဆက်တိုက်မီးရှို့နေတာကြောင့် ဒေသခံပြည်သူသောင်းနဲ့ချီထွက်​ပြေးတိမ်း​ရှောင်နေရပြီး အရေးပါ်အကူအညီ တွေလည်း လိုအပ် နေတယ်လို့ ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်လည်း အာဆီယံထိပ်သီးညီလာခံ တက်ရောက်ခွင့်ရဖွယ် မရှိ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့စစ်တပ် တိုက်ခိုက်ခံရလို့ အထိနာပြီးရပ်တန့်နေတယ်လို့ မြေပြင်ရဲဘော်အချို့က ပြောပါတယ်။

Facebook