close
Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့မိုးသက်လေပြင်းကျပြီး ပျက်စီးမှုအချို့ရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီ‌နေ့ (မေလ ၆ရက်) ညနေပိုင်းကမိုးသက်လေပြင်းကျလို့ နေအိမ်အဆောက်အအုံ၊သစ်ပင်အချို့ထိခိုက်ပျက်စီးခဲ့ပြီး သစ်ပင်နဲ့ လျှပ်စစ်မီးတိုင်တွေလဲကျခဲ့ပါတယ်။

(လားရှိူးမြို့တွင် လေပြင်းတိုက်ခတ်ပြီးနောက် မြို့တွင်းမှာ သစ်ပင်နဲ့ ဆိုင်းဘုတ်များ လဲပြိုနေတာကို တွေ့ရစဥ်။ ဓာတ်ပုံ-Nay Myo၊ Hla Myo Maung Maung F/B)

မေ-၆၊၂၀၂၆။ဇော်ရမ်း၊ဟာနာဆန်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီ‌နေ့ (မေလ ၆ရက်) ညနေပိုင်းကမိုးသက်လေပြင်းကျလို့ နေအိမ်အဆောက်အအုံ၊သစ်ပင်အချို့ထိခိုက်ပျက်စီးခဲ့ပြီး သစ်ပင်နဲ့ လျှပ်စစ်မီးတိုင်တွေလဲကျခဲ့ပါတယ်။

လေတိုက်နှုန်း အလွန်းပြင်းထန်ပြီး သစ်ပင်ကြီးတွေပါ လဲကျတာလို့ ဒေသခံတွေက ပြောပါတယ်။ မိုးကြီးပြီးလေပြင်းတိုက်ခိုက်တာဟာ နာရီပိုင်းသာ ကြာခဲ့ပြီး လူထိခိုက်မှုမရှိဘူးလို့သိရပေမယ့် ​​နေအိမ်အ​​ဆောက်အအုံနဲ့သစ်ပင်​တွေ ထိခိုက်ပျက်စီးမှုများပြားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လားရှိုးမြို့မှာ မိုးသက်လေပြင်းကျပြီး သစ်ပင်တွေ၊ လျှပ်စစ်ဓာတ်တိုင်တွေနဲ့ ကြော်ငြာဘေဘုတ်တွေ ပြိုလဲတာ၊ အိမ်အမိုးသွပ်တွေနဲ့ ဆိုလာတွေ ပြုတ်ထွက်ကုန်တာတွေ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ ၁၅ မိနစ်လောက်ပဲ တိုက်သွားတာ။ လေကအရမ်းပြင်းတယ်။ မိုးသီးတွေပါ ပါတယ်” လို့ လားရှိုးဒေသခံတစ်ဦးက ပြောပါတယ်။

လေကောမိုးပါရပ်သွားပေမဲ့ ပျက်စီးမှုတွေ ရှင်းလင်းနေရဆဲဖြစ်ပြီး လျှပ်စစ်ဓာတ်အားလည်း ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ဧပြီ၂၉ရက် ညနေကလည်း သီပေါမြို့နယ်အတွင်း နေရာကွက်မိုးကြီးပြီးလေပြင်းတိုက်ခတ်ခဲ့လို့ ရှေးဟောင်းစေတီတော် တစ်ဆူထီးတော်ပြိုကျခဲ့ပြီး အဆောက်အအုံတချို့ပျက်စီးခဲ့ပါတယ်။ ဒေသများစုမှာ ပြီးခဲ့တဲ့ဧပြီလနှောင်းပိုင်းကစတင်ပြီး မိုးသက်လေပြင်းတိုက်ခတ်လို့ လူထိခိုက်မှုနဲ့ဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။

ဧပြီ၂၈ရက်ကလည်း ရခိုင်ပြည်နယ် ကျောက်တော်နဲ့မြောက်ဦးမြို့မှာ နေရာကွက်မိုးကြီးပြီး လေပြင်းတိုက်ခတ်နေချိန် မိုးကြိုးပစ်လို့ ဒေသခံတစ်ဦး သေဆုံးပြီးနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ကချင်နဲ့ ရှမ်းပြည်နယ်က မြို့နယ်အများစုမှာ ဧပြီ ၂၅ရက်က မိုးကြီးပြီး လေပြင်းတိုက်ခတ်လို့ နေအိမ်အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။ကချင်ပြည်နယ်က ဖားကန့်၊ မြစ်ကြီးနား၊ မိုးကောင်းနဲ့ နမ္မတီးမြို့နယ်၊ ရှမ်းပြည်နယ်က ကျောက်မဲ၊သီပေါ၊ လားရှိုး၊ ကွတ်ခိုင်မြို့တွေမှာ ဧပြီ ၂၅ရက်ကမိုးသက်လေပြင်းတိုက်ခတ်လို့ စစ်ဘေးရှောင်စခန်းတွေအပါအဝင် နေအိမ်ထောင်ချီပျက်စီးခဲ့ပါတယ်။

လက်ရှိကာလမှာ လေထုအတွင်းအပူချိန်ပြောင်းလဲမှုကြောင့် စိုက်ဆင်းလေပြင်းနဲ့နေရာကွက်၍မိုးကြီးတာ၊ မိုးသီးကြွေကျတာတွေ ဖြစ်တတ်တဲ့အတွက် သတိပြုနေထိုင်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOHADM)ကသတိပေးထားပါတယ်။

ဧပြီနဲ့ မေလအတွင်း ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ရခိုင်ပြည်နယ်မှာ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်စီးလက်ခြင်းနဲ့မိုးကြိုးပစ်ခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ MOHADM ကသတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့လားရှိုးမြို့မှာ မနေ့က အမျိုးသမီးတစ်ဦးကိုပြန်ပေးဆွဲဖို့ကြိုးစားမှုဖြစ်ခဲ့သလို ဒီက​နေ့မှာလည်း လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီထိန်းချုပ်ပြီးတဲ့နောက်ပိုင်း လုယက်သတ်ဖြတ်မှုတွေ မကြာ ခဏဖြစ်ပွားနေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့မှာ အမျိုးသားတစ်ဦးကို လူတစ်စုက ပြန်ပေးဆွဲဖို့ကြိုးပမ်းခဲ့ပေမယ့် အဆိုပါအမျိုးသား ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။

သတင်း

ကချင်နဲ့ ရှမ်းပြည်နယ်က မြို့နယ်အများစုမှာ ယမန်နေ့ ဧပြီ ၂၅ရက်က မိုးကြီးပြီး လေပြင်းတိုက်ခတ်လို့ နေအိမ်အဆောက်အအုံတွေ ပျက်စီးမှုရှိခဲ့ပါတယ်။

ဆောင်းပါး

MNDAAရဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲကနေ ‌ထွက်ပြေးသွားတဲ့ စစ်ဗိုလ်ချုပ်တစ်ဦးဟာ သမ္မတဘွဲ့ခံ အာဏာသိမ်းခေါင်း‌ဆောင်ရဲ့ မြှောက်စားမှုနဲ့အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဖြစ်လာပါပြီ။

Facebook