close
Connect with us

Hi, what are you looking for?

သတင်း

ဖြူးမှာ ပျူစောထီးတွေလက်ချက်ကြောင့် (၇)နှစ်အရွယ် ကလေးငယ် သေဆုံး

ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လိုက်တဲ့ ကျည်ထိမှန်မှုကြောင့် (၇)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ပျူစောထီးတွေ ပစ်ခတ်လို့ သေဆုံးခဲ့ရတဲ့ ကလေးငယ်။ ဓာတ်ပုံ - CJ)

ဧပြီ-၂၉၊ ၂၀၂၆။ ဒလပန်း/People’s Spring

ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လိုက်တဲ့ ကျည်ထိမှန်မှုကြောင့် (၇)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖြူးမြို့နယ်၊​ ဝဲဒေါင့်အလယ်ရွာမှာ ဧပြီ ၂၈ ရက်က စစ်တပ်လက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ဝင်တွေက ပေါ်တာဆွဲဖမ်းဆီးဖို့အတွက် ဆိုင် ကယ်မောင်းလာတဲ့ လူငယ်နှစ်ဦးကို ဆိုင်ကယ်ရပ်ခိုင်းခဲ့ပါတယ်။

အဲ့ဒီနောက် ဆိုင်ကယ်မောင်းလာတဲ့ လူငယ်တွေဟာ မရပ်တဲ့အတွက် သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပစ်ခတ်လိုက်တဲ့ကျည်ဟာ ဝဲဒေါင့်အလယ်ရွာက (၇)နှစ်အရွယ် ကလေးငယ်တစ်ဦးကို ထိမှန်ခဲ့တာလည်းဖြစ်ပါတယ်။

” ဖြူးမှာက ကားနှစ်စီးနဲ့ မနက်ခင်း မိုးလင်းထဲက ညထိ လိုက်ဖမ်းတာ။ အဲ့ကားနှစ်စီးကို မြို့ကလူတွေအားလုံးကသိပြီးသွားပြီ အဲ့ကားက လိုက်ဆွဲတဲ့ ကားဆိုတာ။ အဲ့ရွာဘက်ကို အဲ့ကားရောက်တဲ့ချိန်မှာ အဲ့ကားက ကောင်လေးတွနားရပ်တော့ ကောင်လေးတွေက ထွက်ပြေးတာ။ လှမ်းပစ်တဲ့အချိန်မှာ ကောင်လေးပြေးတဲ့ အိမ်နားက ကလေးကို မှန်သွားတာ “ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကျည်ထိမှန်ခဲ့ရတဲ့ ကလေးငယ်ဟာ ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး မိသားစုဝင်တွေက ဖြူးမြို့ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ပေမယ့် စခန်းမှူးက အမှုမဖွင့်ပေးခဲ့ဘူးလို့ သိရပါတယ်။

” ရဲစခန်းကိုသွားတော့ အမှုဖွင့်တိုင်ကြားလို့မရဘူးပြောတယ်။ စခန်းမှူးက အိမ်ပြန်ပြီး နာရေးကိစ္စအရင်လုပ်ပါလို့ ပြောလိုက်တာ “ လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဝဲဒေါင့်အလယ်ရွာဟာ ရန်ကုန်- မန္တလေးလမ်းဟောင်းဘေး ဖြူးမြို့အထွက် ဖြူးချောင်းအကျော်မှာ တည်ရှိတဲ့ ရွာလည်းဖြစ်ပါတယ်။

ဖြူးမြို့နယ်မှာ စစ်တပ်၊ ရဲနဲ့ ပျူစောထီးအဖွဲ့တွေက လူငယ်တွေကို မကြာခဏဆိုသလို ပေါ်တာဆွဲတာတွေလုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

” လောလောဆယ် ဖြူးနယ်မှာ ဖြစ်နေတာက အဲ့တစ်ခုတင်မဟုတ်ဘူး ။ ၇ နှစ်ကျော်ကလေးထိသွားလို့ သတင်းထွက်လာတာ။ ဟိုမှာက အဲ့ထက်ဆိုတဲ့ အခြေအနေဖြစ်နေတာ။ သူတို့ လိုက်ဆွဲတဲ့ ကားနှစ်စီးက တစ်စီးက အနက်ရောင် တစ်စီးက ခဲရောင်။ ကားပေါ်မှာတော့ အုပ်ချုပ်ရေးမှုးတွေ ၊ ပျူစောထီးအမည်ခံတဲ့ ကောင်တွေကော အမည်မခံတဲ့ ကောင်တွေကောပါတယ် “ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါအပြင် ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူတစ်ဦးကို ကျပ် ၁၅ သိန်း ၊ သိန်း ၂၀ စတဲ့ငွေကြေးနဲ့ ပြန်လည်ရွေးခိုင်းတာတွေကိုပါ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ပုရစ်ကုန်းတောင်ကျေးရွာမှာ ပျူစောထီးတစ်ဦးနေခဲ့တဲ့ခြံဝင်းအတွင်း သပြေပန်းဝင်ခူးခဲ့မိတဲ့ အသက်(၆၀) ကျော် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိလို့ ခြေတစ်ဖက်ဖြတ်လိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ နတ်မောက်မြို့နယ် ဂွေးချောင်းရွာအနီးမှာ ပျူစောထီးအဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံးသွားပါတယ်။

သတင်း

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ ကျောမြို့မှာ ပျူစောထီးတစ်ဦးကို ဖမ်းမိတယ်လို့ မြို့မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ မြိုင်မြို့နယ်က ကန်နီကျေးရွာက ကင်းပတ်နေတဲ့ ပျူစောထီးအဖွဲ့ကို တိုက်ခိုက်ရာ သုံးဦး သေဆုံးကြောင်း အညာမြေတပ်ပေါင်းစု ပြောရေးဆိုခွင့်ရှိသူ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။