close
Connect with us

Hi, what are you looking for?

သတင်း

ရှေ့တန်းရောက်လာတဲ့ ပြည်သူတွေပေးပို့တဲ့ အစားအသောက်တွေနဲ့ ခွန်အားပေးစာလွှာတွေ

​စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ကြားက ပြည်သူလူထုဟာရှေ့တန်းရောက် တော်လှန်ရေးရဲဘော်တွေအတွက် အားဆေးနဲ့ စားသောက်စရာတွေ အပြင် အားပေးစာလွှာတွေကိုပါ ရေးသားပေးပို့ခဲ့ကြပါတယ်။

ပြည်သူတွေပေးပို့ခဲ့တဲ့ ရှေ့တန်းရောက် စားသောက်စရာတွေနဲ့ စာလွှာတွေကို တွေ့ရစဥ်။ ဓာတ်ပုံ-အရာတော်ပကဖ

​ဧပြီ ၂၁၊ ၂၀၂၆၊ ဟာနာဆန်/People’s Spring

​စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ကြားက ပြည်သူလူထုဟာရှေ့တန်းရောက် တော်လှန်ရေးရဲဘော်တွေအတွက် အားဆေးနဲ့ စားသောက်စရာတွေ အပြင် အားပေးစာလွှာတွေကိုပါ ရေးသားပေးပို့ခဲ့ကြပါတယ်။

အရာတော်မြို့နယ်မှာ တိုက်ပွဲဝင်နေရတဲ့ ရဲဘော်တွေ စိတ်ဓာတ်ခွန်အား ရရှိစေဖို့အတွက် ပြည်သူတွေက မိမိတို့တတ်နိုင်တဲ့ အားဖြည့်အချိုရည်၊ အန်နာဗွန်စီ အားဆေး၊ ကိတ်မုန့်၊ ဝေဖာနဲ့ တခြားစားစရာတွေနဲ့အတူ ပြည်သူတွေ ကိုယ်တိုင်ရေးသားထားတဲ့ တိုက်ပွဲဝင်ရဲဘော်တွေ စိတ်ခွန်အားတက်စေမယ့် အားပေးစကားတွေ၊ ဆုတောင်းမေတ္တာစာလွှာတွေကိုပါ ဗလာစာရွက်အပိုင်းလေးတွေနဲ့ ထည့်သွင်းရေးသား ပေးပို့ခဲ့တာပါ။

အဆိုပါ စာရွက်ပိုင်းလေးတွေမှာ “ လုပ်ရပ်တွေ မှန်ကန်နေတာမို့ အားပျက်မသွားပါနဲ့နော်။ အစစအရာရာ သတိနဲ့ လုပ်ကိုင်ပါ။ ဂရုစိုက်ပါ။”

Public Service Announcement

Public Service Announcement

“ တို့ရဲ့ ရဲဘော်တို့၊ ခင်ဗျားတို့က ကျုပ်တို့သိခဲ့တဲ့ လူတွေထဲမှာ အသန်မာဆုံးပါပဲ။ ဒီတော်လှန်ရေးကြီးရဲ့ အောင်မြင်မှုရလဒ်တွေကို ခင်ဗျားတို့ ယူလာပေးနိုင်မယ်ဆိုတာ ယုံကြည်တယ်။ အသန်မာဆုံးတို့ရဲ့ရဲဘော်များ ဖိုက်တင်း။”

“ ရဲဘော်များသို့။ ပင်ပန်းတဲ့အခါ ခဏနားပါ။ ဒါပေမယ့် ဘယ်တော့မှ လက်မလျှော့ပါနဲ့နော်။ ပန်းတိုင်က တစ်လှမ်းချင်းစီ နီးကပ်လာနေပါပြီ။”

“ မတူညီတဲ့ နေ့ရက်တွေကို မတူညီတဲ့ ဆင်းရဲဒုက္ခတွေ သယ်ပိုးရင်း ရှေ့ဆက်နေရတာ မလွယ်ဘူးမလား။ လျှောက်လှမ်းနေရတဲ့လမ်းတွေ မတူညီပေမယ့် တိုက်နေတဲ့ရန်သူ၊ လိုချင်တဲ့ဖက်ဒရယ်တူညီတာမို့ နောက်ကနေ တက်နိုင်တဲ့ဘက်က အမြဲအသင့်ရှိနေပါမယ်နော်”

“ ပင်ပန်းနေမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ငါတို့တတွေ ဒီအချိန်ထိ တိုက်ပွဲဝင်ခဲ့ပြီးပြီ။ ဒီအခြေအနေအထိရောက်အောင် လမ်းကြမ်းတွေ ကျော်လာခဲ့ပြီးပြီ။ ပန်းတိုင်မှာ အောင်ပွဲခံဖို့ပဲ ကျန်တော့တယ်။ ဒါ့ကြောင့် ရည်ရွယ်ရေးဖြစ်တဲ့ လွတ်လပ်တဲ့ပြည်ထောင်စုကိုရောက်ဖို့ လမ်းခုလတ်မှာ အားမလျှော့ကြဖို့ လိုတယ်။ တူတူ ဒုက္ခတွေဖြေရှင်းပြီး တူတူအောင်ပွဲခံရအောင်” စတဲ့စာသားတွေ ရေးသားထားတာ တွေ့ရပါတယ်။

အခုလ်ို ပြည်သူတွေရဲ့ မေတ္တာနဲ့ ထောက်ပံ့မှုတွေအပေါ် အရာတော်မြို့နယ် မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က “ ရှေ့တန်းကို အအေးနဲ့ မုန့်လာပို့တယ်ဆိုတော့ ဝမ်းသာသွားတယ်။ ဒါ့အပြင် ပြည်သူတွေရဲ့ မေတ္တာတွေကိုပါ စာလေးတွေရေးပြီး ပေါင်းထည့်ပေးလိုက်ကြပါတယ်။ ကျေးဇူးပါဗျာ။ ပြည်သူ့မေတ္တာဟာ ကျွန်တော်တို့အတွက် ဘာနဲ့မှလဲလို့မရနိုင်တဲ့ အားဆေးတခွက်ပါပဲ။” လို့ ရေးသားထားပါတယ်။

​ပြည်သူတွေအနေနဲ့ ယခုလို စစ်ရေးအခြေအနေ တင်းမာနေချိန်မှာ အစစအရာရာ အထူးဂရုစိုက် နေထိုင်ကြဖို့ကိုလည်း အရာတော်ပကဖက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ "ဒေါ်အောင်ဆန်းစုကြည် အချုပ်နှောင်မှလွတ်မြောက်စေရေး"ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၂၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

လူထုခေါင်းဆောင် နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့အပါအဝင် အဓမ္မဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံး လွတ်မြောက်ကြဖို့၊အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားတွေ ခြွင်းချက်မရှိ ပြန်လည်လွတ်မြောက်ဖို့ လှုပ်ရှားတောင်းဆိုတာဟာ ထောင်အကျယ်ထဲက ကျနော်တို့တွေအတွက် လုပ်ကို လုပ်ရမယ့် တာဝန် တရပ်ပဲဖြစ်ပါတယ်လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက ဆိုပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားအားလုံး လွတ်ပေးရေးအတွက် တောင်းဆိုဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၆) သင်္ကြန်အတက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ တမူးခရိုင်အတွင်း ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားတဲ့ စစ်ဆေးရေးဂိတ်နဲ့လုံခြုံရေးဂိတ်တွေကို ဧပြီ ၃၀ရက်နောက်ဆုံးထားပိတ်သိမ်းဖို့ ခရိုင်ကွပ်ကဲရေးရုံးက သတင်းထုတ်ပြန်ပါတယ်။