close
Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနားမှာ သေနတ်ဒဏ်ရာနဲ့သေဆုံးနေတဲ့အမျိုးသားရုပ်အလောင်းတွေ့

ကချင်ပြည်နယ်မြို့တော်မြစ်ကြီးနားမြို့၊မြေမြင့်ရပ်ကွက်ဘုန်းကြီး ကျောင်းအနောက်ဖက်လမ်းကြားမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်းကို ဧပြီလ ၁၉ ရက်ညပိုင်းကတွေ့ခဲ့ရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

မြစ်ကြီးနားမြို့ မြင်ကွင်း (ပုံဟောင်း) ဓာတ်ပုံ​ - ဝီကီ

ဧပြီ -၂၁ ၊၂၀၂၆ ၊ဆိုင်းမင်း/People’s Spring

ကချင်ပြည်နယ်မြို့တော်မြစ်ကြီးနားမြို့၊မြေမြင့်ရပ်ကွက်ဘုန်းကြီး ကျောင်းအနောက်ဖက်လမ်းကြားမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်းကို ဧပြီလ ၁၉ ရက်ညပိုင်းကတွေ့ခဲ့ရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

မြေမြင့်ဘုန်းကြီးကျောင်းအနောက်ဖက်မှာ ဧပြီလ ၁၉ ရက် ည ၈နာရီခန့်က သေနတ်သံ တစ်ချက်ကြားခဲ့ရပြီးနောက် အနီးပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ ဒေသခံတွေက ထွက်ကြည့်ရာမှာ သေနတ်ဒဏ်ရာနဲ့သေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်းကိုတွေ့ခဲ့ရတာပါ။

သေဆုံးသူအမျိုးသားနဲ့ ပက်သက်ပြီး အသေးစိတ်အချက်အလက်တွေကို မသိရသေးဘဲ အသက် ၃၀ နှစ်ခန့်အရွယ်ခန့် ရှိပြီလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဦးခေါင်းကို သေနတ်နဲ့ အနီးကပ်ပစ်ခတ်ခံရတာတွေ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီ အမျိုးသား ရုပ်အလောင်းကိုတော့ လူမှုကူညီရေးအသင်းက မြစ်ကြီးနားဆေးရုံ ဆီ ပို့ခဲ့တယ်လို့ သိရပါတယ်။

အခုလဆန်းပိုင်း ဧပြီလ ၅ ရက်နေ့ ညနေပိုင်းမှာလည်း မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်၊ လမ်းသွယ် (၁၃) မှာ ဝမ်းဗိုက်နဲ့ လည်ပင်းမှာ ဓားဒဏ်ရာတွေရပြီး သေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်းကို ဆာလာ အိတ်ထည့်ပြီး စွန့်ပစ်ထားတဲ့ ဖြစ်ရပ်လည်းဖြစ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်ရှိ ဆီသိုလှောင်ခြံဝန်းတစ်ခြံမှာ ဒီနေ့ (ဧပြီ ၈) မနက်ပိုင်းက တစ်နာရီနီးပါးကြာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

သတင်း

ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းအတွင်း မြို့တွေကို စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက်ရာမှာ အသုံးပြုနေတဲ့ ဟုမ္မလင်းလေတပ်ရဲ့အန္တရာယ်ကို အထူးဂရုပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သတိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်နဲ့ မိုးကောင်းမြို့နယ် နမ္မတီမြို့အကြားမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီ တပ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်အရာရှိ အပါအဝင် သေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မတ်လ ၃ရက် နေ့လည်ပိုင်းကစတင်တဲ့ တိုက်ပွဲမှာ ပိုမိုပြင်းထန်လာပြီး အရပ်သားထိခိုက်မှုတွေရှိလာသလို မပေါက်ကွဲ​သေးတဲ့မိုင်းတွေရဲ့အန္တရာယ်ကိုလည်း ဒေသခံတွေက သတိပေးနေကြပါတယ်။