close
Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြို့နယ်ကိုစစ်တပ်က ၄ရက်ဆက် ဗုံးကြဲ

မန္တလေးတိုင်း၊တောင်သာမြို့နယ်ကိုစစ်တပ်က ၄ ရက်ဆက် လေကြောင်းတိုက်ခိုက်ခဲ့လို့ အနည်းဆုံး ပြည်သူ ၃ဦး သေဆုံးပြီး နေအိမ်တွေပျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်သာမြို့နယ်၊ဇရပ်ကြီးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ နေအိမ်တွေ မီးလောင်​တွေမီး​လောင်နေစဉ်။ ဓာတ်ပုံ - CJ

ဧပြီ-၂၁၊၂၀၂၆။ရှိန်း/People’s Spring

မန္တလေးတိုင်း၊တောင်သာမြို့နယ်ကိုစစ်တပ်က ၄ ရက်ဆက် လေကြောင်းတိုက်ခိုက်ခဲ့လို့ အနည်းဆုံး ပြည်သူ ၃ဦး သေဆုံးပြီး နေအိမ်တွေပျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၁၈ ရက်က တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာကို ည ၇နာရီခွဲမှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုမှာအသက်(၅၀) ဝန်းကျင်အမျိုးသား တစ်ဦး၊အသက်(၄၀) ဝန်းကျင်အမျိုးသမီးနဲ့ (၇)နှစ်အရွယ် ကလေးငယ်တစ်ဦး မိသားစုဝင် ၃ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဧပြီ ၁၉ ရက်မှာ ဆယ်ကုန်းရွာကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲခဲ့သလို ဧပြီ၂၀ ရက် မနက်ပိုင်းမှာလည်း တမံကြီးရွာ၊ရုံးစဉ်ကြီးနဲ့သံဘိုရွာကြားတို့ကို Paramoter (စက်တပ် လေထီး)နဲ့ ဗုံးကြဲခဲ့သလို ဒီနေ့လည်း ဇဂျမ်းရွာကို စစ်တပ်က Paramoter နဲ့ထပ်မံဗုံးကြဲကာ စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

“ ဆိုင်ကယ်‌ မောင်းနေတဲ့ လမ်းပေါ်က လူတွေကိုပါ စက်သေနတ်နဲ့ လိုက်ပစ်တယ် ပြောတယ်။လူတွေ တော့မထိဘူးလို့ သိရတယ်။ဒီလေကြောင်းလုပ်ခံရတဲ့ရွာတချို့မှာ စစ်တပ် ဂိတ်ထိုင်ထားတာ တွေလည်းရှိတော့ အတိကျ တော့မသိရဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တောင်သာမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ခြင်းမရှိဘဲ စစ်တပ်က လေကြောင်းတိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဧပြီ၄ရက်ကတည်းက စစ်တပ်က တောင်သာမြို့နယ်ကို စစ်ကြောင်းထိုး စီးနင်းကာ ကျေးရွာ တွေကို မီးရှို့ဖျက်ဆီး ခဲ့ပြီး ယခုလအတွင်း ပြည်သူ ၁၂ဦး ပစ်ခတ်ခံရပြီး သေဆုံးကာ ကျေးရွာ၄ရွာ မီးလောင်ပျက်ဆီးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က ထိုးစစ်ဆင်နေတဲ့ KNU တပ်မဟာ ၆ နယ်မြေ မြ၀တီမြို့တောင်ဘက်က မင်းလက်ပံရွာမှာ မနေ့(ဧပြီလ ၁၄)ရက်က စစ်တပ်က ဗုံးကြဲလို့ နေအိမ်တွေ မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ပြီး အရပ်သားတချို့ ထိခိုက်မှုရှိတယ်လို့ ကြားသိရကြောင်း ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ကမ်းပြူကျေးရွာမှာ စစ်တပ်က အသေခံဒရုန်းတွေနဲ့ ဘုန်းကြီးကျောင်း ၃ကျောင်းကို ဗုံးကြဲတိုက်ခိုက်လို့ သံဃာတော် ၂ ပါး ဒဏ်ရာရရှိပြီး သာသနိကအဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။

သတင်း

ကနီမြို့ထဲကနေ ထွက်လာတဲ့စစ်တပ်စစ်ကြောင်းကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်လို့ နှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူတွေကို နွားလှည်းတွေနဲ့ ဆွဲထုတ်သွားပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့နယ်က မင်းတည်းကျေးရွာကို စစ်တပ်က ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ အမျိုးသမီး ၃ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။