close
Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံနယ်မှာ စစ်တပ်က တစ်လအတွင်း ကျေးရွာ ၂၀နီးပါး မီးရှို့ဖျက်ဆီးပြီး ပြည်သူ တစ်ဒါဇင်ကျော် သတ်ဖြတ်

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်မှာ စစ်တပ်က တစ်လအတွင်း ကျေးရွာ၂၀နီးပါး မီးရှို့ဖျက်ဆီးပြီး ပြည်သူ တစ်ဒါဇင်ကျော် သတ်ဖြတ်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၃ ရက်က မီးရှို့ခံရတဲ့ ဖက်ပင်အိုင် ကျေးရွာက နေအိမ်အချို့။ ဓာတ်ပုံ - CJ

ဧပြီ-၁၈၊၂၀၂၆၊ရှိန်း/ People’s Spring

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်မှာ စစ်တပ်က တစ်လအတွင်း ကျေးရွာ၂၀နီးပါး မီးရှို့ဖျက်ဆီးပြီး ပြည်သူ တစ်ဒါဇင်ကျော် သတ်ဖြတ်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဖေဖော်ဝါရီ ၂၆ရက်ကနေစတင်ပြီး မြင်းခြံမြို့နယ်က ကျေးရွာတွေကို ပစ္စည်းယူ၊မီးရှို့တာ တွေကို စစ်တပ်နဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းတို့က ကျေးရွာတွေကို ဆက်တိုက်မီးရှို့ခဲ့တာလို့ သိရပါတယ်။

ဖေဖော်ဝါရီ၂၆ရက်ကနေ ဒီကနေ့အထိ မြင်းခြံမြို့နယ်မှာ သင်္ဘောကျင်း၊ပတ္တရာ၊ပြည်တော်သာ၊ဒါးကျွန်း၊တန်ဆောင်း၊နတ်ညွှန်း၊သက်ကယ် ကျင်း၊ တောင်ကျွန်း၊ဖက်ပင်အိုင်၊ဆုံရွာ၊အိုင်းမ၊ကျောင်းဖြူကန်၊တူရွင်းဘို့၊ထိန်ပန်း၊ရွာသစ်၊ကျီးပင်ကန်၊ယုံထိုးစွယ်၊ဆိတ်ကုန်း စတဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ ရွာသစ်ကို ဧပြီ၁၂ရက် နေ့ကရှို့ထားပြီးသား။နေအိမ်၅၀၀ လောက်ရှိတာ။၁၀အိမ်လောက်ပဲကျန်တာကို ဒီနေ့မနက်ပိုင်းက ထပ်ဝင်ပြီး မီးရှို့တယ်။အခုတော့ ရွာသစ်ထဲက နေပြန်ထွက်သွားပြီ” လို့ မြင်းခြံမြို့နယ်ပကဖ သတင်း ထောက်လှမ်း ရေးနဲ့ ပြန်ကြား ရေးတာဝန်ရှိသူက ပြောပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ ဖက်ပက်အိုင်ကျေးရွာ ဒေသခံတွေအပါအဝင် ကျေးရွာတွေကို မီးရှို့တဲ့အချိန်မှာ နေအိမ်တွေနဲ့အတူ မီးရှို့သတ်သွားတဲ့ သူ တွေလည်းရှိတယ်လို့ သိရပါတယ်။

မြင်းခြံမြို့နယ်က နဘူးအိုင်ကျေးရွာကို ဝင် ရောက်တပ်စွဲထားတဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းဟာ ဒရုန်းတွေနဲ့ ဗုံးကြဲပြီး ကျေးရွာတွေကို လိုက်လံမီးရှို့နေတာလို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တာ တွေရှိခဲ့ပြီး မြင်းခြံမြို့က နေစစ်တပ်နဲ့ပျူစောထီးအင်အားတွေ ထပ်တိုးကာ စစ်ကြောင်း ၂ကြောင်းနဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေဆက်လုပ်နေတာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်မှာ အမျိုးသမီးတွေကို အဓမ္မပြုကျင့်ပြီး ကျေးရွာတွေမီးရှို့ကာ လက်ရှိ မြင်းခြံမြို့နယ်က ပြည်သူ ၈ဦးနဲ့ ရဲဘော် ၃ဦးကို သတ်ဖြတ်ထားတဲ့ စစ်တပ်ရဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းက ဒေသခံ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်ထားတဲ့ ရုပ်သံဖိုင်တွေထွက် ပေါ်လာပါတယ်။

သတင်း

မန္တ‌လေးတိုင်း၊ တောင်သာမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးလာပြီး ပန်းပေါင်းကျေးရွာက ဒေသခံ ၂ဦး သတ်ဖြတ်ကာ ကျေးရွာကို မီးရှိ့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေး‌‌တိုင်း၊ မြင်းခြံမြို့နယ်၊ဖက်ပင်အိုင်ကျေးရွာကို စစ်တပ်နဲ့ ပျူစောထီးတွေက ဒရုန်းနဲ့ဗုံးကြဲပြီး စီးနင်းပစ်ခတ်လို့ ပြည်သူတွေ ထိခိုက်မှုရှိကာ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံ- တောင်သာလမ်းပိုင်း၊စစ်တပ်ထိန်းချုပ်ထားတဲ့နန်းမြင့်တောင်အနီးမှာ ဖြတ်သန်းသွားတဲ့ ခရီးသည်တင်ကားတွေ နဲ့ ကားတချို့ မကြာခဏ ဓားပြတိုက်ခံ နေရတာ​ကြောင့် စုံစမ်းနေတယ်လို့ မြင်းခြံမြို့နယ်ပကဖမှတာဝန်ရှိသူကပြောပါတယ်။

Facebook