close
Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ကျဥ်းအားလုံးလွတ်မြောက်ရေး စစ်ကိုင်းနဲ့ မကွေးမှာ ဆန္ဒပြ

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံးလွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

ဧပြီ ၁၄၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံးလွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းမှာ ၅/ဆလက လူထုသပိတ်စစ်ကြောင်းက ဦးဆောင်ပြီး တော်လှန်ပြည်သူတွေနဲ့အတူ နိုင်ငံရေးအကျဉ်းသား အားလုံးလွတ်မြောက်ရေး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြတော်လှန်ပြည်သူတွေက “ နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ် Free All Political Prisoners” ဆိုတဲ့ စာသားတွေ ကိုင်ဆွဲပြီး စစ်အာဏာရှင် ကျရှုံးရေးနဲ့ နိုင်ကျဉ်းတွေ လွှတ်ပေးရေးအတွက် တောင်းဆိုခဲ့ကြတာပါ။

Public Service Announcement

Public Service Announcement

မကွေးတိုင်း ငဖဲမြို့နယ် မြစ်ဖျားကျေးရွာမှာလည်း “ စစ်အာဏာရှင် အကြမ်းဖက် ဟန်ပြန်သမ္မတ ပုန်ကန်ကြ” ဆိုတဲ့ စာသားအပါအဝင် စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ စာသားတွေကို လိုက်လံကပ်ခဲ့တယ်လို့ Chin Defence Force Asho က ထုတ်ပြန်ခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး နဲ့ အနီးဝန်းကျင်မှာ အဆိုပါ စာတွေ လိုက်လံကပ်ခဲ့ကြောင်း Chin Defence Force Asho က ဖော်ပြခဲ့ပါတယ်။

“ စစ်အာဏာရှင် အကြမ်းဖက် ဟန်ပြသမ္မတ ပုန်ကန်ကြ” ၊ “ မတရား ဖမ်းဆီးခံရသူများ မလွတ်မြောက်သေးဘူး” ၊ “ ကိုယ့်အသိုက်ပြိုမှ ဝမ်းနည်းရမှာမဟုတ်ဘူး တစ်နိုင်ငံလုံးက ငှက်အသိုက်တွေ ပြိုနေတာကို စာနာပေးပါ” ၊ “ ပေါ်တာဆွဲတာကို ငွေ (၃) သောင်း ပေးပြီး ရှောင်နေရတဲ့ ခေတ်ကို မမေ့သွားကြေး” အစရှိတဲ့ စာသားတွေကို လိုက်လံ ကပ်ခဲ့တာပါ။

ဓာတ်ပုံ – ၅/ဆလက လူထုသပိတ်၊ Chin Defence Force Asho

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ်နဲ့ လွတ်မြောက်နယ်မြေက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ Blue Shirt ကမ်ပိန်းနဲ့ တော်လှန်သံချပ် လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

​မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က မကွေးတိုင်းအတွင်းမှာ ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ထိခိုက်သေဆုံးမှုရှိပြီး တိုက်ခိုက်ရေးဒရုန်းတစ်စင်းအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ဖမ်းဆီး​ထောင်ချတာခံ​နေရသူ Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို လွှတ်ပေးဖို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က မြန်မာသံရုံးရှေ့မှာ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေက ဆန္ဒပြခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်၊ ရွှေဘိုနဲ့ အရာတော်မြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဒီကနေ့ (ဧပြီ ၆)မှာ ပြုလုပ်ခဲ့ပါတယ်။