close
Connect with us

Hi, what are you looking for?

သတင်း

အနှစ်သာရကင်းမဲ့တဲ့ ပျော်ပွဲ၊ရွှင်ပွဲတွေကို သည်းခံစောင့်ထိန်းပေးကြဖို့ ရွှေဘိုပအဖ တိုက်တွန်း

ပြည်သူတွေအနေနဲ့ စစ်မှန်တဲ့ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးတွေ မရရှိသေးမီကာလအတွင်း အနှစ်သာရ ကင်းမဲ့တဲ့ ပျော်ပွဲ၊ရွှင်ပွဲတွေကို သည်းခံစောင့်ထိန်းပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ရွှေဘိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ဧပြီ ၁၂ရက်မှာ မေတ္တာရပ်ခံလိုက်ပါတယ်။

​ဧပြီ-၁၃၊၂၀၂၆။ဟာနာဆန်/People’s Spring

​ပြည်သူတွေအနေနဲ့ စစ်မှန်တဲ့ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးတွေ မရရှိသေးမီကာလအတွင်း အနှစ်သာရ ကင်းမဲ့တဲ့ ပျော်ပွဲ၊ရွှင်ပွဲတွေကို သည်းခံစောင့်ထိန်းပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ရွှေဘိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ဧပြီ ၁၂ရက်မှာ မေတ္တာရပ်ခံလိုက်ပါတယ်။

​အဆိုပါ ထုတ်ပြန်ချက်မှာ မြန်မာပြည်သူလူထုရဲ့ ဘုံရန်သူဖြစ်တဲ့ စစ်မိစ္ဆာအာဏာရှင်ကို အမြစ်ပြတ်တော်လှန်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းများနဲ့ ပြည်သူများဟာ စစ်မှန်တဲ့ လွတ်လပ်မှုအတွက် ကြီးမားတဲ့ ပေးဆပ်မှုတွေနဲ့ ကြိုးစားနေရတဲ့အချိန် ဖြစ်ကြောင်း ရေးသားထားပါတယ်။

​” ကိုယ်၊ စိတ်နှစ်ပါး ပင်ပန်းနေကြသည်ကို ကိုယ်ချင်းစာ နားလည်ခံစားမိသော်လည်း စစ်မှန်တဲ့လွတ်လပ်မှု မရမချင်း ကျင်းပတဲ့ ပျော်ပွဲရွှင်ပွဲတွေဟာ အနှစ်သာရ ကင်းမဲ့လွန်းတာကြောင့် သည်းခံစောင့်ထိန်းပေးကြဖို့ ရွှေဘိုမြို့နယ် ပအဖက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

​ဒါ့အပြင် ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ အဆက်မပြတ် ယုတ်မာရက်စက်မှုတွေကို လိမ္မာပါးနပ်စွာ ရှောင်ရှားနိုင်ဖို့နဲ့ ဘေးအန္တရာယ်ကင်းရှင်းစေဖို့အတွက် အထူးသတိပြု နေထိုင်ကြဖို့ကိုလည်း ရွှေဘိုပအဖက တိုက်တွန်းပါတယ်။

“ လေကြောင်းကနေလည်း ဗုံးကကြဲနိုင်တယ်။ သင်္ကြန်ကမလုပ်သင့်သေးဘူး” လို့ ရွှေဘိုခရိုင်က ဒေသခံတစ်ဦးက ပြောပါတယ်။

​ရွှေဘိုခရိုင်အတွင်းက ဒီပဲယင်း၊ အရာတော်နဲ့ ကနီမြို့နယ်တွေမှာလည်း သင်္ကြန်ကာလ ဆူညံစွာ ကခုန်ပျော်မြူးတာတွေ မလုပ်ကြဖို့ တော်လှန်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၆ရက်ကလည်း ရွှေဘိုမြို့နယ်အနောက်ခြမ်း ဆင်အင်းရွာရှိ စစ်ရှောင်ကလေးငယ်တွေစာသင်ကြားနေတဲ့နေရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ စာသင်ပေးတဲ့ သံဃာတစ်ပါးပျံလွန်ပြီး စစ်ရှောင်၂ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့က Kiba Parkမှာ ပြီးခဲ့တဲ့ ဧပြီ ၁၁ နဲ့ ၁၂ရက်က ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ထောက်ပို့တော်လှန် နွေဦးသင်္ကြန်ပွဲတော် ကျင်းပပြုလုပ်ခဲ့ပါတယ်။

သတင်း

သင်္ကြန်အကြိုနေ့မှာစစ်တပ်ကရွှေဘိုမြို့နယ်အနောက်ခြမ်း၊ဆိပ်ခွန်ရွာဘုန်းကြီးကျောင်းကို ဗုံးကြဲခဲ့တာ​ကြောင့် သင်္ကြန်တွင်း ရဟန်းခံထားတဲ့ သံဃာတပါး ပျံလွန်ခဲ့ပြီး ၃ပါးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ ​တွေက​ပြောပါတယ်။

အတွေးအမြင်

မန္တလေးနန်းမြို့ကျုံးဘေးတစ်လျှောက်မှာ သင်္ကြန်အတွက် ပြင်ဆင်နေတဲ့ လက်သမားတွေရဲ့ တူထုသံတွေက ဆူညံလို့နေပါတယ်။ ဆောက်လက်စ မဏ္ဍပ်ကြီးတွေက ကျုံးရေပြင်ကို ငုံ့ကြည့်ရင်း ခန့်ထည်ဖို့ ကြိုးစားနေကြတယ်။ မဏ္ဍပ်အမိုးပေါ်မှာ ဆေးရောင်စုံ ဗီနိုင်းတွေ၊ ပိတောက်ပန်းတုတွေနဲ့ အလှဆင်နေကြတယ်။ ကျုံးရေပြင်ပြာပြာဟာ အဲဒီမဏ္ဍပ်တွေရဲ့ ရောင်စုံမီးအလင်းအမှောင်တွေကို ထင်ဟပ်ရင်း တည်ငြိမ်နေပေမဲ့ အဲဒီတည်ငြိမ်မှုအောက်မှာတော့ အေးစက်စက်...

သတင်း

သင်္ကြန်ရုံးပိတ်ရက်ရှည်အတွက် စစ်တပ်လက်အောက်ခံ မြန်မာ့မီးရထားက အထူးရထားတွေပြေးဆွဲပေးပေမယ့် ရောင်းချပေးတဲ့ကြိုတင်လက်မှတ်အရေအတွက်နည်းတာကြောင့် လက်မှတ်ရဖို့ တန်းစီဝယ်ယူနေရတဲ့ ပြည်သူတွေ အဆင်မပြေမှု ကြုံနေရပါတယ်။