close
Connect with us

Hi, what are you looking for?

သတင်း

စေတုတ္တရာမြို့မရဲစခန်းအနီးက စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ် တိုက်ခိုက်

မကွေးတိုင်း၊ စေတုတ္တရာမြို့မရဲစခန်းအနီးက စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ မြေလတ်လွတ်မြောက်ရေးတပ်တော်(CLLA)က ထုတ်ပြန်ပါတယ်။

(မြေလတ်လွတ်မြောက်ရေးတပ်တော်(CLLA)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ − CLLA)

ဧပြီ−၃၊ ၂၀၂၆။မိုမို/People’s Spring

မကွေးတိုင်း၊ စေတုတ္တရာမြို့မရဲစခန်းအနီးက စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ မြေလတ်လွတ်မြောက်ရေးတပ်တော်(CLLA)က ထုတ်ပြန်ပါတယ်။

ဧပြီ ၁ ရက် ညပိုင်းက တိုက်ခိုက်ခဲ့တဲ့ အဲဒီဂိတ်စခန်းမှာ စစ်သားနဲ့ ပျူစောထီး ၁၅ ဦးခန့် ရှိပြီး စေတုတ္တရာမြို့နဲ့ ငဖဲမြို့ကို ဆက်သွယ်ထားတဲ့ လမ်းမကြီးပေါ် မှာ တည်ရှိတာလို့ ဆိုပါတယ်။

“ ဒီဂိတ်က နေ ပေါ်တာဆွဲတာ ငွေညှစ်တာတွေ အများဆုံး လုပ်တယ်လို့ ပြည်သူတွေက ပြောပါတယ် ။ပြည်သူတွေရဲ့ သတင်းပေးချက်အရ ကျနော်တို့ မြေလတ်လွတ်မြောက်ရေးတပ်တော်မှ ဝင်ရောက်ပစ်ခတ်တိုက်ခဲ့ ခြင်းဖြစ်ပါတယ်” လို့ CLLA တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုမှာ စစ်တပ်က သုံးဦးသေပြီး ငါးဦးဒဏ်ရာရတယ်လို့ ဆိုပါတယ်။ဒါပေမယ့် လူထုနွေဦးက သီးခြား အတည်မပြုနိုင်သေးပါဘူး။

“ အဲ့အဖွဲ့ ဖွဲ့စည်းတာ ရှစ်လလောက်တော့ ရှိပြီ။သင်တန်းနဲ့ နည်းပညာကိုက CB Chin Brother အဖွဲ့က ရယူရတာ” လို့ မကွေးတိုင်းစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စေတုတ္တရာအပါအဝင် မြေလတ်ဒေသအဖြစ် အသိများတဲ့ မကွေးတိုင်းအတွင်း မြို့နယ်တွေက စစ်တပ်အရင်းအမြစ်တွေကို ဖြတ်တောက်နိုင်ဖို့ရည်ရွယ်တယ်လို့ CLLA တာဝန်ရှိသူက ပြောပါတယ်။

စေတုတ္တရာမြို့နယ်မှာ လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေထုတ်တဲ့(ကပစ−၂၀)စက်ရုံအခြေစိုက်ထားပါတယ်။ဒါ့အပြင် စစ်တပ်နဲ့ ပျူစောထီး အင်အား ၄၀၀ ဝန်းကျင်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ စစ်ကောင်စီရဲ့ တပ်မကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ အခုညပိုင်းအထိ မီးလောင်နေဆဲဖြစ်ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် အောင်သပြေကျေးရွာအနီးရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုနဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ မွန် ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ ၅ဦး ထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများရှိကြောင်း မကွေးခရိုင်၊ စစ်ဌာနကွပ်ကဲမှုအောက်ရှိ မကွေးခရိုင်အမှတ်(၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က စစ်တပ်ရဲ့ လေတပ်စခန်းဌာနချုပ်ကို ၁၀၇ မမရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors For Myanmar-BWM က ထုတ်ပြန်ထားပါတယ်။