close
Connect with us

Hi, what are you looking for?

သတင်း

ခမရ(၅၈၁)တပ်ရင်းက တပ်သားသစ် လက်နက်ယူပြီး KNLA တပ်ရင်း(၉)ထံ အလင်းဝင်

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေမှာ အာဏာသိမ်းစစ်တပ်က အဓမ္မ စစ်သားစုဆောင်းထားတဲ့ တပ်သား တစ်ဦး လက်နက်ချအလင်းဝင် လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သေနတ်ယူထွက်ပြေးအလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သားသစ် ကျော်စိုးလွင်အား တွေ့ရစဉ်။ ဓာတ်ပုံ - KNU

ဧပြီ-၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေမှာ အာဏာသိမ်းစစ်တပ်က အဓမ္မ စစ်သားစုဆောင်းထားတဲ့ တပ်သား တစ်ဦး လက်နက်ချအလင်းဝင် လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

မတ်လ ၂၉ရက်မှာ ခမရ(၅၈၁)တပ်ရင်းက စစ်မှုထမ်းတပ်သားသစ် ကျော်စိုးလွင်ဟာ ညောင်လေးပင်ခရိုင် မူးမြို့နယ် တောင်စုကျေးရွာမှာ အထိုင်ချစဉ် ကရင်အမျိုသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)တပ်ရင်း (၉)ထံ အလင်းဝင်လာတာလို့ ဆိုပါတယ်။

အလင်းဝင်လာသူဟာ လက်နက် ၁လက်နဲ့ ကျည်ဘောက်၊ ကျည်တွေ ယူလာခဲ့တာကြောင့် KNU လယ်ဒိုမြို့နယ် တာဝန်ရှိသူတွေက ကျပ် ၁၀ သိန်း ပေးအပ်ထောက်ပံ့ခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

မိမိဆန္ဒမပါဘဲ အတင်းအဓမ္မစစ်မှုထမ်း စေခိုင်းခံရသူတွေ အနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံသို့ လက်နက်ချအလင်းဝင်ရန် အသိပေး တိုက်တွန်းကြောင်းလည်း ထုတ်ပြန်ပါတယ်။

KNU လယ်ဒိုမြို့နယ်ရဲ့ မတ်လ ၁၉ရက် သတင်းထုတ်ပြန်ချက်အရ ၂၀၂၆ နှစ်ဆန်ပိုင်းမှာ စစ်ကောင်စီက စစ်မှုထမ်း တပ်သား ၄၁ဦး KNU လယ်ဒိုမြို့နယ်ထံ အလင်းဝင်လာကြောင်း အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မှ ရဲဘော် ၄၅၀ ကျော်ပါဝင်တဲ့ စစ်သင်တန်းဆင်းပွဲ ယမန်နေ့ မတ်လ ၂၁ရက်က ကျင်းပခဲ့ပြီး ရဲဘော်အားလုံးကို လက်နက်တပ်ဆင်မှု ပြုလုပ်ခဲ့ကြောင်း KNLA တပ်မှူး တဦးက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄)နဲ့မဟာမိတ်တွေကို ခြုံခိုတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ ဗိုလ်အယ်ခွီး(ခေါ်) ကောလာဖိုးအဖွဲ့ဟာ စစ် ကောင်စီရဲ့ မိတ်ဖက်အဖွဲ့အဖြစ်သတ်မှတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ပုလောမြို့နယ် တောင်ယာကမ်းကျေးရွာက စစ်ကောင်စီတပ် စခန်းအပါအဝင် မြို့နယ်အတွင်းရှိ တပ်စွဲရာနေရာ၄ခုကို တပြိုင်တည်းတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလား(ပုလော)မြို့နယ်၊ ပလောကျေးရွာအုပ်စု တောင်ယာကမ်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဒီကနေ့ မတ်လ ၁၄ရက် မနက်မှာ သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

Facebook