close
Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင်သမ္မတရာထူးယူမယ့်ကိစ္စ လူ့အခွင့်အရေးဆိုင်ရာအာဆီယံလွှတ်တော် အမတ်များ ကန့်ကွက်

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မြန်မာအစိုးရသစ်ရဲ့ သမ္မတအဖြစ် ခန့်အပ်ဖို့ စစ်တပ်ရဲ့ ကြံစည်နေမှုကို အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ လွှတ်တော် အမတ်တွေက ကန့်ကွက် ရှုတ်ချခဲ့ကြပါတယ်။

ဧပြီ-၁၊၂၀၂၆။People’s Spring

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မြန်မာအစိုးရသစ်ရဲ့ သမ္မတအဖြစ် ခန့်အပ်ဖို့ စစ်တပ်ရဲ့ ကြံစည်နေမှုကို အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ လွှတ်တော် အမတ်တွေက ကန့်ကွက် ရှုတ်ချခဲ့ကြပါတယ်။

အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က စစ်တပ်ရဲ့လွှတ်တော်အသစ်မှာ မင်းအောင်လှိုင်ကို ဒုတိယ သမ္မတ တစ်ဦးအဖြစ် မဲပေးရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ နောက်တစ်ဆင့် အနေနဲ့ မင်းအောင်လှိုင်ကို သမ္မတအဖြစ် တင်မြှောက်နိုင်ဖို့ လမ်းပွင့်သွားစေတဲ့ အခင်း
အကျင်းလို့လည်း ဆိုနိုင်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဘဝတုန်းက ပြည်သူလူထုအပေါ် ရက်ရက်စက်စက် ဖိနှိပ်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို ချိုးနှိမ်ခဲ့တဲ့ မင်းအောင်လှိုင်သာ သမ္မတ ဖြစ်လာရင် မြန်မာပြည်သူတွေဟာ တူညီတဲ့ အခြေအနေတွေကိုပဲ ဆက်လက် ကြုံတွေ့ ခံစားနေရလိမ့်မယ်လို့ APHRက သတိပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မင်းအောင်လှိုင်ဟာ စစ်တပ်ယူနီဖောင်း ချွတ်ပြီး သမ္မတရာထူး ရယူဖို့ ကြံစည်နေရင်း တခြားတစ်ဖက်မှာလည်းဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို ကာကွယ်ရေး ဦးစီးချုပ်သစ်အဖြစ် ခန့်အပ်ခဲ့ခြင်းက စိုးရိမ်စရာ အခြေအနေ တစ်ခုအဖြစ် APHRက ယူဆထားပါတယ်။ရဲဝင်းဦးဟာအာဏာသိမ်းပြီးနောက်ပိုင်း အတိုက်အခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အများအပြားကို ရက်ရက်စက်စက် ဖမ်းဆီးနှိပ်စက်မှုတွေကို ကွပ်ကဲခဲ့သူလည်း ဖြစ်ပါတယ်။

နောက်ပြီး ရဲဝင်းဦးဟာ မင်းအောင်လှိုင်ရဲ့ အနီးကပ်ဆုံး မဟာမိတ်တစ်ဦး ဖြစ်နေတာကြောင့် မင်းအောင်လှိုင်ဟာ အရပ်ဖက် အစိုးရ ရာထူးကိုရော၊ စစ်တပ်ကိုပါ ဆက်လက် လွှမ်းမိုး ချုပ်ကိုင်ထားမှာဖြစ်ပြီး သူနဲ့ သူ့အဖွဲ့အစည်းက ကျူးလွန်ခဲ့တဲ့ ဆိုးယုတ်တဲ့ ပြစ်မှုတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစရာ မလိုအောင် ဆက်လက် ဖုံးကွယ်ထားလိမ့်မယ်လို့ APHRက ဆိုပါတယ်။

စစ်တပ် ဦးဆောင်ပြီး ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ တရားမဝင်ကြောင်း၊ လူထုအပေါ် ဗုံးကြဲပြီး နေရပ်ရွှေ့ပြောင်းမှုတွေအတွက် ဖိအားပေးနေတဲ့ အခြေအနေမှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲရလဒ်ကလည်းလူထုဆန္ဒအမှန်ကိုမထင်ဟပ်ကြောင်းလည်း APHRက ဆိုပါတယ်။

APHR က အာဆီယံ၊ ကုလသမဂ္ဂ (UN)နဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့အာဏာသိမ်းစစ်တပ်အပေါ် ဆက်လက်ရှုတ်ချဖို့၊နိုင်ငံတကာလူ့အခွင့်အရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေတွေအပေါ် ဆက်လက် လေးစား လိုက်နာပေးဖို့၊ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရေး အားထုတ် ကြိုးပမ်းမှုတွေကို ဆက်လက် ထောက်ခံပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့နိုင်ငံတကာတုံ့ပြန် ကိုင်တွယ်မှုတိုင်းဟာမြန်မာပြည်သူတွေရဲ့သဘောထားဆန္ဒ၊လူ့အခွင့်အရေး၊ဒီမိုကရေစီ အားထုတ်မှု၊ တရားမျှတမှုတွေကိုအလေးထားပြီးစစ်အာဏာရှင် စနစ်အပေါ် နိုင်ငံတကာ စုစုစည်းစည်း တွန်းလှန်မှုကို ထင်ဟပ်စေဖို့ လိုအပ်ကြောင်းလည်း APHRရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

ကိုးကား- APHR

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အဂတိလိုက်စားမှုတွေကနေ သူ့ရဲ့ မိသားစုဝင်တွေက အကျိုးအမြတ်တွေ များစွာရရှိခဲ့တဲ့ အကြောင်းကို Justice For Myanmar-JFM က အချက်အလက်တွေနဲ့‌ ဖော်ထုတ်လိုက်ပါတယ်။

သတင်း

မင်းအောင်လှိုင်ဇနီး ကြူကြူလှ နဲ့ ​ချွေးမ မျိုးရတနာထိုက်တို့ကို အရေးယူပိတ်ဆို့ဖို့ တောင်းဆို

ဘာသာပြန်ဆောင်းပါး

ယူကရိန်း စစ်ပွဲမှာ ရုရှားအသုံးပြုနေတဲ့ စစ်လက်နက်တွေနဲ့ စစ်ရေး နည်းပညာ၊ နည်းစနစ်တွေဟာ မြန်မာ့ ပြည်တွင်းစစ် အပေါ်မှာပါ သက်ရောက် ရောက်မှုတွေ ရှိနေကြောင်း Al Jazeera သတင်းဌာနရဲ့ ဆောင်းပါးတစ်ခုမှာ ဖော်ပြထားပါတယ်။

အတွေးအမြင်

ဒုတိယလူ အဖြစ် နာမည်ကြီးတဲ့ အာဆင်နယ်အသင်းက မန်စီးတီးအသင်းကို ခါရာဘောင်ဖလားဖိုင်နယ်မှာရှုံးနိမ့်ခဲ့ပေမယ့် နောက်ထပ်ဖလားသုံးလုံးလမ်းကြောင်းကို ဆက်လက်ချီတက်နေပါတယ်။ ဒါ​ပေမယ့် လူပုံအလယ် လက်သီးပုန်းအထိုးခံရတဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စ်ိုးဝင်းကတော့ နေပြည်တော်က စစ်ရုံးချုပ်ထဲမှာ လမ်းပျောက်နေပါပြီ။