close
Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့နယ်မှာ လူတစုက Kpay နဲ့ Wavepay အကောင့်တွေ လိုက်လံဝယ်ယူနေ

မုံရွာမြို့နယ်အတွင်းက လယ်ဇင်ကျေးရွာနဲ့ သက္ကယ်ကျင်းကျေးရွာတွေမှာ လူတစုက Kpay နဲ့ Wavepay အကောင့်တွေကို တစ်ခု ကျပ် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ ခန့်အထိပေးကာ လိုက်လံဝယ်ယူသူတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

​ ဧပြီ−၁၊ ၂၀၂၆။ဇေအောင်/People’s Spring

​မုံရွာမြို့နယ်အတွင်းက လယ်ဇင်ကျေးရွာနဲ့ သက္ကယ်ကျင်းကျေးရွာတွေမှာ လူတစုက Kpay နဲ့ Wavepay အကောင့်တွေကို တစ်ခု ကျပ် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ ခန့်အထိပေးကာ လိုက်လံဝယ်ယူသူတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

​ဝယ်ယူသူတွေဟာ ကျေးရွာနေပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ ဖုန်းနံပါတ်တွေကို အသုံးပြုကာ ငွေလွှဲအကောင့်သစ်တွေ ဖွင့်ခိုင်းပြီး ဝယ်ယူနေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောပါတယ်။

“ အကောင့်လာလုပ်(လာရောင်း)ကြတာ‌ကတော့တရက် တစ်ရာကျော်လောက်လာလုပ်နေကြတာ။ ဝယ်တဲ့သူတွေက အနည်းဆုံး ဆယ်ယောက်လောက်တော့ ရှိမယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့နှစ်အတွင်းကလည်း မန္တလေးမြို့နဲ့အနီးတဝိုက်မှာ “ ကျားဖျန့်” ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက အခုလို အကောင့်ဝယ်ယူမှုတွေ ပြုလုပ်ခဲ့ပြီး ဒေသခံအချို့ ဖမ်းဆီးခံခဲ့ရဖူးပါသေးတယ်။ ဒါ့အပြင် မိတ္ထီလာမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်တွေဘက်မှာလည်း အခုလို အကောင့်ဝယ်ယူတာတွေရှိခဲ့ကြောင်း သိရပါတယ်။

အကောင့်ဝယ်ယူသွားသူတွေဟာ အဲဒီအကောင့်ကို အသုံးပြုပြီး ငွေလိမ်လည်တာ၊ အွန်လိုင်းလောင်းကစားပြုလုပ်တာ သို့မဟုတ် တရားမဝင်ငွေကြေးတွေ စီးဆင်းတာတွေ ရှိပါက အကောင့်ပိုင်ရှင် (မှတ်ပုံတင်ပိုင်ရှင်)ဟာ ပထမဆုံး တရားခံအဖြစ် ဖမ်းဆီးအရေးယူခံရမှာဖြစ်ကြောင်း၊ ယခုလို မုံရွာမြို့နယ်အတွင်းက ရွာတွေမှာ ဘဏ်အကောင့်တွေဝယ်ယူတာဟာ အွန်လိုင်းလောင်းကစားနဲ့ ငွေလိမ်ဂိုဏ်းတွေက ငွေကြေးခဝါချဖို့အတွက် အသုံးပြုဖို့ ဖြစ်နိုင်ခြေရှိကြောင်း နည်းပညာကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဘဏ်တွေက အကန့်အသတ်နဲ့ ငွေသားထုတ်ပေးနေတာကြောင့် စျေးကွက်အတွင်းမှာ ငွေစက္ကူ ရှားပါးလာပြီး အရောင်းအဝယ်လုပ်ရာမှာ Kpay အပါအဝင် အွန်လိုင်း ငွေ ပေး ချေမှုဆိုရင် တချို့က လက်မခံတာတွေရှိလာတယ်လို့ စီးပွား ရေးလုပ်ငန်းရှင်တချို့နဲ့ ပြည်သူ တွေက ပြောပါတယ်။

သတင်း

ဖေဖော်ဝါရီ−၂၃၊ ၂၀၂၆။​နေ့သစ်/Peoples Spring ဘဏ်တွေက အကန့်အသတ်နဲ့ ငွေသားထုတ်ပေးနေတာကြောင့် စျေးကွက်အတွင်းမှာ ငွေစက္ကူ ရှားပါးလာပြီး အရောင်းအဝယ်လုပ်တာမှာ Kpay အပါအဝင် အွန်လိုင်း​ငွေ​ပေး​ချေမှူဆိုရင်တချို့ကအလက်မခံတာတွေရှိလာတယ်လို့စီးပွား​ရေးလုပ်ငန်းရှင်အချို့နဲ့ပြည်သူ​တွေကပြောပါတယ်။ စျေးကွက်အတွင်း ငွေစက္ကူရှားပါးလာတာ​ကြောင့် စျေးဆိုင်တချို့က E-Money အွန်လိုင်းကနေငွေပေးချေတာ( ဥပမာ Kpay ၊ ဘဏ်အကောင့်တွေကနေ ငွေပေးချေတာ)ကိုလက်မခံဘဲ ငွေသားနဲ့ပေးချေနိုင်မှသာ...

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် စစ်ကောင်စီတပ်ဂိတ်အနီးသေဆုံးနေတဲ့ အမျိုးသမီးဟာ ကြာပိုင်ကျေးရွာကနေ ဘုန်းကြီးမွေးနေ့ပွဲသွားရင်း ပျောက်ဆုံးသွားသူဖြစ်နေကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က ခရီးသည်တင်ယာဥ်တစ်စီးကို သေနတ်နဲ့ပစ်ခတ်လို့ ယာဥ်မောင်းသေဆုံးခဲ့ရပါတယ်။