close
Connect with us

Hi, what are you looking for?

သတင်း

မုန်းမြို့နယ်က ဘုန်းကြီးကျောင်းကို စစ်တပ် အသေခံဒရုန်းနဲ့ တိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်း(မူး)မြို့နယ်က ဘုန်းကြီးကျောင်းတစ်ကျောင်းကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

မတ်-၂၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်း(မူး)မြို့နယ်က ဘုန်းကြီးကျောင်းတစ်ကျောင်းကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

မတ်လ ၂၃ရက် နေ့လည်ပိုင်းမှာ မုန်းမြို့နယ် နိုဘိုးခီးကျေးရွာကို စစ်တပ်က အသေခံဒရုန်း ၂စင်းနဲ့ တိုက်ခိုက်ခဲ့ရာ ကျေးရွာဘုန်းကြီးကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းတွေ ဖော်ပြ အသိပေးပါတယ်။

တိုက်ခိုက်မှုကို စစ်ကောင်စီရဲ့ ခမရ(၄၃၉) တပ်ရင်းက ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ KNUညောင်လေးပင်ခရိုင် အုပ်ချုပ်နယ်မြေအတွင်း အရပ်သား ပြည်သူနေထိုင်ရာ ကျေးရွာတွေ၊ လုပ်ငန်းခွင်နေရာတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ်တွေအသုံးပြု နေ့စဉ် ပစ်ခတ်တိုက်ခိုက်နေလို့ ပြည်သူတွေ ထိတ်လန့်ကြောက်ရွံ့မှုနဲ့ အသက်ရှင်နေထိုင်ကြရတယ်လို့လည်း ဖော်ပြထားပါတယ်။

KNU ညောင်လေးပင်ခရိုင်အတွင်းရှိ မြို့နယ်တွေဖြစ်တဲ့ ကျောက်ကြီး(လယ်ဒို)မြို့နယ်နဲ့ ရွှေကျင်(ဆောထိ) မြို့နယ်တွေမှာလည်း စစ်တပ်ဟာ အရပ်သား ပြည်သူကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ မတ်လ ၁၉ရက်က နတ်သံကွင်းရှိ စစ်တပ်က ကျောက်ကြီးမြို့နယ် ဖိုးတရွာကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ ပြည်သူလူထုနေအိမ်တွေ ပျက်စီးတာရှိခဲ့ပါတယ်။

ဒါ့အပြင် ရွှေတဲစုရွာကိုလည်း စစ်တပ်က ဒရုန်းနဲ့ ကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ် ၈လုံးထက်မနည်း ပျက်စီးခဲ့ပါတယ်။

မတ်လ ၂၁ရက် ကလည်း စစ်တပ်ဟာ ရွှေခါးမိုရွာကို ဒရုန်းနဲ့ ဗုံးကြဲခဲ့သလို မတ်လ ၂၂ရက်မှာ ဒလဆိပ်ရွာကို Y12နဲ့ ဗုံးကြဲခဲ့လို့ နေအိမ်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

ရွှေကျင်မြို့နယ် ရွှေခဲစုရွာကိုလည်း စစ်တပ်က မတ်လ ၂၁ရက်မှာ Y12 လေယာဉ်နဲ့ ဗုံးကြဲခဲ့ရာ အမျိုးသား ၁ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်း စစ်ပွဲနဲ့ ဆက်နွှယ်နေတဲ့ ဒရုန်းတွေဟာ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတစ်ခုထဲ ကျူးကျော် ရောက်ရှိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်း စစ်ပွဲကာလတလျှောက် စံချိန်တင် ပမာဏထိ ကျယ်ပြန့်ကြီးမားတဲ့ ဒရုန်း တိုက်ခိုက်မှုမျိုး ရုရှားက လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

သတင်း

အီရန်ရဲ့ စစ်သုံးဒရုန်းတွေ တည်ဆောက်မှုဟာ မြန်မာနိုင်ငံက ကုမ္ပဏီ တစ်ခုနဲ့ ဆက်စပ်မှု ရှိနိုင်ကြောင်း Conflict Armament Research (CAR)ရဲ့ စုံစမ်းစစ်ဆေးမှု ရလဒ်တစ်ခုက ညွှန်ပြနေပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ချင်းပြည်နယ်အစည်းအဝေးကျင်းပရာ နေရာကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့မှု ရုပ်သံကို CDF ဟားခါးက အသိပေးထုတ်ပြန်ပါတယ်။