close
Connect with us

Hi, what are you looking for?

သတင်း

ညီ​နောင်နှစ်​ဖော် ဆွေး​နွေးပွဲ ထူးခြားမှုမရှိ​သေးဟု TNLA ​ပြောခွင့်ရ​ပြော

တအာင်းတပ်မတော်(TNLA) နဲ့ ကိုးကန့်တပ်မတော်(MNDAA)တို့ဖြစ်ပွားနေတဲ့ ပဋိပက္ခဖြေရှင်းဖို့ နှစ်ဖက်ခေါင်းဆောင်တွေ ၂ ရက်ကြာတွေ့ဆုံဆွေးနွေးရာ ထူးခြားမှုမရှိ​သေးဘူးလို့ TNLAပြောရေးဆိုခွင့် ရှိသူ လွေးယေဦးက လူထုနွေဦးကို ပြောပါတယ်။

TNLA နဲ့ MNDAA ​ခေါင်း​ဆောင်​တွေ (ပုံ​​ဟောင်းဖြစ်ပါတယ်)

မတ်-၁၉၊၂၀၂၆။/People’s Spring

တအာင်းတပ်မတော်(TNLA) နဲ့ ကိုးကန့်တပ်မတော်(MNDAA)တို့ဖြစ်ပွားနေတဲ့ ပဋိပက္ခဖြေရှင်းဖို့ နှစ်ဖက်ခေါင်းဆောင်တွေ ၂ ရက်ကြာတွေ့ဆုံဆွေးနွေးရာ ထူးခြားမှုမရှိ​သေးဘူးလို့ TNLAပြောရေးဆိုခွင့် ရှိသူ လွေးယေဦးက လူထုနွေဦးကို ပြောပါတယ်။

“ ဒီနေ့အချိန်ထိ ဆွေးနွေးပွဲနဲ့ပတ်သတ်တာတော့ ထူးခြားတာမရှိသေးဘူး။နှစ်ဖက် သွားရောက် တွေ့ဆုံတဲ့ ခေါင်းဆောင်တွေလည်း ပြန်ရောက်လာတာ မရှိသေးဘူး” လို့ TNLAပြောရေးဆိုခွင့် ရှိသူ လွေးယေဦးက မတ်လ ၁၉ရက်ည​နေပိုင်းမှာ People’s Spring ကို​ပြောပါတယ်။

TNLAနဲ့ MNDAAတပ် တာဝန်ရှိသူတွေဟာ မတ်လ ၁၇ရက်နဲ့ ၁၈ရက် ၂ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့တာလို့ လွေးယေဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

TNLA နဲ့ MNDAAထိပ်ပိုင်းတာဝန်ရှိသူတွေဟာ လောက်ကိုင်မြို့မှာတွေ့ဆုံဆွေးတာ ဖြစ်ပါတယ်။

မဟာမိတ်တပ်တွေဖြစ်တဲ့ TNLA နဲ့ MNDAAတို့ဟာ မတ်လ ၁၆ရက်အထိ ကွတ်ခိုင်မြို့အပြင်ဘက်နဲ့ နန့်ခမ်းမြို့ (၁၂)ကုန်းကြားမှာလည်း တိုက်ပွဲတွေဆက်ပြင်းထန်ခဲ့တယ်လို့ လွေးယေဦးက ပြောထားပါတယ်။ ဒါ့အပြင်TNLA တပ်ဖွဲ့ဝင် ၁၀၀ကျော်ဖမ်းဆီးခံထားရတယ်လို့ လွေးယေဦးက လူထုနွေဦးကို ပြောပါတယ်။

၂၀၂၆ဖေဖော်ဝါရီလဆန်းမှာ TNLAကကွတ်ခိုင်မြို့မှာ MNDAA တပ်ဆင်ထားတဲ့ CCTV ​တွေကိုဖယ်ရှားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ တင်းမာမှုပိုမိုဆိုးရွားလာပြီး မတ်လ ၁၄ ရက်နေ့မှာတော့ MNDAAတပ်တွေကို TNLAစခန်းတွေကို တိုက်ခိုက်ခဲ့ပြီး မြို့ကိုပါထိန်းချုပ်ထားတာဖြစ်ပါတယ်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထဲမှာပါဝင်တဲ့ TNLAနဲ့ MNDAAက ကွတ်ခိုင်မြို့မှာ မတ်လ၁၄ရက်ကစပြီး တိုက်ပွဲဖြစ်ခဲ့တာပါ။ MNDAAတပ်‌တွေဟာ ဒရုန်းအစီး ရေရာချီအသုံးပြုပြီး အင်အားအများအပြားနဲ့ ကွတ်ခိုင်မြို့နယ်မှာ TNLA တပ်စွဲထားတဲ့​နေရာအများစုကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။

MNDAAနဲ့ TNLAတိုက်ပွဲဟာဒေသခံပြည်သူလူထုကို လုံခြုံရေးအရခြိမ်းခြောက်နေပြီးအပစ်ရပ်ကြဖို့နဲ့ တွေ့ဆုံဆွေးနွေးကြဖို့ အရပ်ဖက်အဖွဲ့အစည်းတွေက တိုက်တွန်းနေကြပါတယ်။

တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက်၊ ကျန်းမာရေးအင်အားစု မန္တလေး၊ ကျန်းမာရေးအင်အားစုတအာင်းပြည်နဲ့ကျန်းမာရေးအင်အားစုအထူးဒေသ(၁)၊ ကလည်း TNLAနဲ့ MNDAAအပစ်ရပ်ကြဖို့ တိုက်တွန်းချက်ထုတ်ပြန်ထားပါတယ်။အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က TNLA နဲ့ MNDAA မဟာမိတ်တပ်​တွေကြား တိုက်ပွဲ ချက်ချင်းရပ်တန့်ဖို့နဲ့ နိုင်ငံရေးအရ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးဖြေရှင်းကြဖို့မေတ္တာရပ်ခံထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးအောင်မြင်မှုတွေကြောင့် နွေဦးတော်လှန်ရေးတပ်ဖွဲ့တိုင်းက လေးစားအားကျ အတုယူနေကြရတဲ့ TNLAနဲ့ MNDAA အနေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေဟာ စစ်အာဏာရှင်တော်လှန်ရေးကို အကျိုးသက်ရောက်စေတဲ့အတွက်တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ဦးဆောင်ကော်မတီက​လည်း မေတ္တာရပ်ခံတိုက်တွန်းကြောင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲ​တွေ​ကြောင့် ကွတ်ခိုင်မြို့နယ်ထဲက ​ကျေးရွာ ၂၀ ခန့်က​ဒေသခံပြည်သူ​တွေထွက်​ပြေးတိမ်း​ရှောင်​နေကြရပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်မှာ MNDAA နဲ့ TNLAတိုက်ပွဲအတွင်း အရပ်သား သေဆုံးမှုအချို့ရှိနေပြီး ရွာ၂၀ခန့်က ဒေသခံပြည်သူတွေဘေးလွတ်ရာကိုထွက်​ပြေးတိမ်းရှောင်နေကြပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့ကို ထိန်းချုပ်လိုက်တဲ့ MNDAAအနေနဲ့ လားရှိူမြို့တုန်းကလို အာဏာသိမ်းစစ်ထံမြို့ကိုပြန်မအပ်ဘဲ ဒေသခံပြည်သူတွေကိုငဲ့ညှာဖို့ မြို့ခံတွေကတောင်းဆိုပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) နဲ့ ကိုးကန့်တပ်မတော်(MNDAA)တို့ရဲ့နှစ်ဖက်တွေ့ဆုံဆွေးနွေးမှု အောင်မြင်ပါစေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလ က ဆုတောင်းပေးခဲ့ပြီးတော်လှန်ရေးအကျိုး မထိခိုက်စေသော ညှိနှိုင်းဖြေရှင်းမှု ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်းဖော်ပြပါတယ်။

သတင်း

ဖိအားပေးတာတရားဝင်ပြောတာမရှိ၊ လတ်တလောအပြောင်းအလဲမရှိဂိတ်တွေဆက်ထိုင်ထားဟု KIA ပြော