close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က စစ်ကိုင်းတိုင်းမှာ​​ပေါ်တာဆွဲလာသူ​တွေကို နမခ ထဲကိုပို့

စစ်မှုထမ်း အပတ်စဥ် ၂၂ အတွက် စစ်ကိုင်းတိုင်းထဲမှာ ပေါ်တာဆွဲခံရသူတွေ အနောက်မြောက်တိုင်းစစ် ဌာနချုပ်(နမခ)ထဲရောက်လာတယ်လို့ တပ်တွင်းသတင်းရင်းမြစ်က ပြောပါတယ်။

(​စစ်တပ်က စစ်သားသစ်အတွက် အဓမ္မစု​ဆောင်းခံရသူအချို့ကို နမခအတွင်း​တွေ့ရစဥ်။ ဓါတ်ပုံ-​ပေးပို့ )

■လက်ကျိုး​နေသူ ၊မသန်စွမ်းဖြစ်​နေသူ၊ ဥာဏ်ရည်မပြည့်သူ ၊အသက်မပြည့်​သေးသူ​တွေကိုပါ စစ်တပ်က အဓမ္မစု​ဆောင်းလာ

ဖေဖော်ဝါရီ-၁၈၊၂၀၂၆။မိုမို/Peoples Spring

စစ်မှုထမ်း အပတ်စဥ် ၂၂ အတွက် စစ်ကိုင်းတိုင်းထဲမှာ ပေါ်တာဆွဲခံရသူတွေ အနောက်မြောက်တိုင်းစစ် ဌာနချုပ်(နမခ)ထဲရောက်လာတယ်လို့ တပ်တွင်းသတင်းရင်းမြစ်က ပြောပါတယ်။

မုံရွာ၊ကန့်ဘလူ၊ကလေး၊ဟုမ္မလင်း အစရှိတဲ့ မြို့နယ်တွေက အမျိုးသားတွေကို စစ်တပ်က နည်းမျိုးစုံအသုံးပြုပြီး ဖမ်းဆီးလာတာလို့လည်း စုံစမ်းသိရပါတယ်။

Public Service Announcement

Public Service Announcement

“ တချို့က လမ်းမှာ စစ်လို့ တွေ့ရင်း ဖမ်းခံရတာ။တချို့ကကြ စစ်ကြောင်းထိုးရင်ဖမ်းဆီးပြီးပါလာတယ်” လို့ ဖြစ်စဥ်ကို သိရှိသူကပြောပါတယ်။

ပေါ်တာဆွဲခံရတဲ့သူတွေကို လက်ရှိမှာ ရှမ်းပြည်နယ်၊ဟိုပုံးမြို့နယ်က စစ်သင်တန်းကျောင်းကို ပို့မယ်လို့ သိရပါတယ်။

“ ကိုယ့်သားအရွယ်တွေပါလာလို့ ပြောပြရတာပါ။၁၄ နှစ်အရွယ်လည်းပါတယ်။နောက်လက်ကျိုးနေတဲ့သူတွေပါပါလာတယ်။ခန္ဓာမစုံတဲ့သူတွေကတော့ သုံးယောက်လောက်တွေ့တယ်။ပြီးတော့ဥာဏ်ရည်မပြည့်တာ တစ်ယောက်။ရသမျှ ဆွဲလာရတဲ့အခြေ အနေ။သိက္ခာကျတယ် “ လို့နမခတပ်တွင်းသတင်းရင်းမြစ်ကပြောပါတယ်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်အကောင့်တချို့ကလည်း စစ် မှုထမ်းအပတ်စဥ် ၂၂ ကို ဖွင့်ဖို့ပြင်ဆင်နေတယ်လို့လည်း ဒီကနေ့(ဖေဖော်ဝါရီ ၁၈ ရက်) ဖော်ပြထားပါတယ်။

စစ်တပ်ဟာ၂၀၂၄ ခုနှစ်ဖေဖော်ဝါရီကစစ်မှု ထမ်းဥပဒေကို ပြဌာန်းခဲ့ကာ အပတ်စဥ်တစ်ခုမှာ အမျိုး သား ၅၀၀၀ ကို စုဆောင်းခဲ့တာကြောင့် လက်ရှိမှာ လူငယ်တွေနဲ့ အမျိုးသားတစ်သိန်းကျော်ကိုဟ စစ်တပ်ကစု​ဆောင်းခဲ့တာဖြစ်ပါတယ်။

စစ်မှုထမ်းတပ်သားတွေကို စုစည်းပြီးနောက်ပိုင်း နိုင်ငံ့အနှံ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို စစ်တပ်ကို ထိုးစစ်ဆင်နေပါတယ်။ထိုးစစ်တွေမှာ သေဆုံးသူအများစုက စစ်မှု ထမ်းတပ်သားတွေ ဖြစ်တယ်လို့လည်း မြေပြင် က တော်လှန်ရေးရဲဘော်တွေက အသိပေးထားပါတယ်။

ဒါကြောင့် စစ်တပ်ရဲ့ အဓမ္မတပ်သားသစ်အဖြစ်မစုဆောင်းခံရဖို့ နဲ့စုဆောင်းခံရပြီးရင်လည်း အသက်အသေမခံဘဲ ထွက်ပြေးကြဖို့ တော်လှန်ရေးအင်အားစုတွေကတိုက်တွန်းထားပါတယ်။လက်ရှိမှာလည်း အဓမ္မစစ်သားသစ်စု​ဆောင်းခံတဲ့ လူငယ်​တွေဟာ ​ရှေ့တန်းပို့ခံရချိန်မှာ ထွက်​ပြေးတာ၊​တော်လှန်​ရေးတပ်​တွေထံအလင်းဝင်တာ ၊ ​သေဆုံးဒဏ်ရာရတာ​ စတာ​တွေလည်းအများအပြားရှိ​နေပါတယ်။

အခုလက်ရှိ သင်တန်းဆင်း စစ်မှုထမ်းတပ် သားသစ်အများစုကို တပ်မ ၃၃ နဲ့ တပ်မ ၉၉ ဆီကိုပို့နေတယ်လို့ တပ်တွင်းသတင်ရင်းမြစ်တွေက လူထုနွေဦးကိုပြောထားပါတယ်။

စစ်ကိုင်း၊မကွေးတိုင်း နဲ့ ရခိုင် ပြည်နယ်ကို မကြာမီ ထိုးစစ် အရှိန်မြှင့်ဖို့ ပြင်ဆင်နေတာလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

Facebook