close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုက်ပွဲအတွင်း စစ်တပ်ထံက ခဲယမ်းတွေသိမ်းရတယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ ပြော

စစ်ကိုင်းမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက ခဲယမ်းတွေသိမ်းရတယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ -UGF တာဝန်ရှိသူက ပြောပါတယ်။

Screenshot

ဒီဇင်ဘာ-၁၅၊၂၀၂၅၊မိုမို/People’s Spring

စစ်ကိုင်းမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက ခဲယမ်းတွေသိမ်းရတယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ -UGF တာဝန်ရှိသူက ပြောပါတယ်။

အခုဒီဇင်ဘာ ၁၀ ရက်က မင်းကွန်းဒေသကနေ အင်အား ၁၀၀ကျော်နဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ချောင်းမကြီးရွာအနီးမှာ တိုက်ခိုက်ခဲ့တာလို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။

၆၀ မမ ဗုံးသီးငါးလုံး၊RPG သုံးလုံး၊အီနာဂါနဲ့ MA ကျည်ဘောက်သုံးခု၊MA 2 ကျည်ဘောက်တစ်ခုနဲ့ ကျည်အချို့သိမ်းရခဲ့တယ်လို့ အသိ​ပေးပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က ဗိုလ်ကြီးအဆင့်ရှိသူနဲ့ တပ်သားသေဆုံးမှုများတယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။စစ်ကောင်စီတပ်သားတွေ သေဆုံးတာနဲ့ပတ်သက်လို့ လူထုနွေဦးက သီးခြားအတည်ပြုမရသေးပါဘူး။

စစ်ကိုင်းတိုက်ပွဲအတွင်း စစ်တပ်ထံက ခဲယမ်းတွေသိမ်းရတယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ ပြော ဒီဇင်ဘာ-၁၅၊၂၀၂၅၊မိုမို/People'…

Posted by People's Spring on Monday 15 December 2025

“ စဉ့်ကိုင်း(စစ်ကိုင်းမြို့နယ်မြောက်ဘက်အစွန်း)ကို ရောက်သွားပြီ” လို့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ပတ်သက်လို့ UGF တာဝန်ရှိိသူက လူထုနွေဦးကို ပြောပါတယ်။

စဉ့်ကိုင်းမြို့နယ်၊ စဉ့်ကိုင်းရွာအတိုင်း စစ်ကြောင်းဆက်ထိုးပါက ဝက်လက်မြို့နယ်အတွင်း ရောက်နိုင်ပြီး ကျေးရွာရဲ့အရှေ့ခြမ်းမှာ ဧရာဝတီမြစ်ခြားပြီး မန္တလေးတိုင်း၊စဥ့်ကူးမြို့နယ်ရှိပါတယ်။

“ တပ်အပ်တော့ပြောမရသေးပေမယ့် စစ်ကြောင်း ထပ်ရွှေ့မယ်ဆိုရင် ဝက်လက်နယ် ထက် စဥ့်ကူးကိုသွားဖို့များတယ်” လို့ စစ်ကိုင်းတိုင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အခုလဆန်းပိုင်းကစလို့ စစ်ကောင်စီတပ်ဟာ မတ္တရာမြို့နယ်ကနေ စဉ့်ကူးမြို့နယ်ဘက်ကို ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်က စဉ့်ကူးမြို့နယ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပေမယ့် အခုရက်ပိုင်းအတွင်း ထိန်းချုပ်ဒေသအချို့ကို စွန့်လွှတ်ထားရပါတယ်။

ဆက်စပ်သတင်းများ

Facebook