close
Connect with us

Hi, what are you looking for?

သတင်း

မဲဆွယ်ဆိုင်းဘုတ်ကို ဖျက်ဆီးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးမှုစတင်

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ စစ်ကောင်စီ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်ဆိုင်းဘုတ်ကို ဖျက်ဆီးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အသက်မပြည့်သေးသူတစ်ဦးအပါအဝင် အမျိုးသားနှစ်ဦးကို စစ်ကောင်စီက နိုဝင်ဘာလ ၂ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။

ဓာတ်ပုံ - ကြံခိုင်ရေး

နိုဝင်ဘာ – ၄ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ စစ်ကောင်စီ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်ဆိုင်းဘုတ်ကို ဖျက်ဆီးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အသက်မပြည့်သေးသူတစ်ဦးအပါအဝင် အမျိုးသားနှစ်ဦးကို စစ်ကောင်စီက နိုဝင်ဘာလ ၂ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။

စစ်တပ်ကျောထောက်နောက်ခံ ကြံခိုင်ရေး ပါတီရဲ့ ကိုယ်စားလှယ်လောင်း ဦးစောမြင့်ဦး ရဲ့ မဲဆွယ်ဆိုင်းဘုတ်ကို ဆုတ်ဖြဲတယ်ဆိုပြီး အသက် ၁၅ နှစ်အရွယ် ယောကျာ်းလေးနဲ့ အသက် ၃၁ နှစ်အရွယ်လူငယ်အမျိုးသား တို့ နှစ်ဦး ဖမ်းခံရတာပါ။

သူတို့နှစ်ဦး ဟာ ဘားအံမြို့ ၊ အမှတ် (၂) ရပ်ကွက် ၊ အုပ်ချုပ်ရေးမှုးရုံးရှေ့ လမ်းဘေးမှာ စိုက်ထူထားတဲ့ မဲဆွယ်ဆိုင်းဘုတ်ကို ဆုတ်ဖြဲခဲ့တာကို CCTV ကတဆင့် ခြေရာခံဖမ်းဆီးတာလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

အခုတော့ သူတို့နှစ်ဦးကို ရွေးကောက်ပွဲနှောက်ယှက်ဟန့်တားဖျက်ဆီးတာကနေ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၄(က)နဲ့ အမှုဖွင့်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ အဲဒီပုဒ်မဟာဆိုရင် ထောင်ဒဏ်အနည်းဆုံး သုံးနှစ်ကနေ အများဆုံး ခုနှစ်နှစ်အထိ ချနိုင်တဲ့ပုဒ်မဖြစ်ပါတယ်။

စစ်ကောင်စီက ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲအတွင်း မဲဆွယ်ကာလကို ပြီးခဲ့တဲ့ အောက်တိုဘာလ(၂၈)ရက်က စတင်ရာ ကရင်ပြည်နယ်မှာ ကြံခိုင်ရေးပါတီက လွဲရင် ကျန်တဲ့ပါတီတွေ စည်းရုံးလှုပ်ရှားတာမျိုးမတွေ့ရသလောက်ရှားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီခေါင်းဆောင်ဟာ သူကျင်းပတဲ့ ရွေးကောက်ပွဲကိုနှောက်ယှက်ရင်ဖမ်းဆီးထောင်ချဖို့အတွက် ရွေးကောက်ပွဲနှောက်ယှက်ဟန့်တားဖျက်ဆီးတာကနေ ကာကွယ်ပေးရေး ဥပဒေ ကို ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက ပြဌာန်းပါတယ်။

အဲဒီ ဥပဒေကို သုံးပြီး သုံးလတာအတွင်း ဖမ်းဆီးထားသူ ဦးရေဟာ ၈၈ ဦးထိရှိခဲ့ပြီလို့ စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးက ပြီးခဲ့တဲ့ ​ရက်ပိုင်းကထုတ်ပြောထားပါတယ်။

ဆက်စပ်သတင်းများ

Facebook