close
Connect with us

Hi, what are you looking for?

သတင်း

MNDAA နှင့် စစ်​ကောင်စီ​ ဆွေး​နွေးပဲသ​ဘောတူညီချက်မရ၍ လားရှိုးမြို့လေကြောင်းအန္တရာယ်သတိပေး

တရုတ်အစိုးရ၏အစီအစဉ်ဖြင့်တရုတ်နိုင်ငံကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးနေသည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) နှင့် စစ်ကောင်စီဆွေးနွေးပွဲတွင် သဘောတူညီချက်မရရှိဘဲ ပြီးဆုံသွားပြီးနောက် လားရှိုးမြို့၌လေကြောင်းအန္တရာယ်သတိပေးချက်ကို MNDAA ၏ လားရှိုးမြို့ပြန်လည်ထူ​ထောင်​ရေး​ဆောင်ရွက်​နေသူတဦးက သတိပေးသည်။

MNDAA

မတ်-၂၄၊၂၀၂၅။အိမ်သွင်/People’s Spring

တရုတ်အစိုးရ၏အစီအစဉ်ဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးနေသည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) နှင့် စစ်ကောင်စီဆွေးနွေးပွဲတွင် သဘောတူညီချက်မရရှိဘဲ ပြီးဆုံသွားပြီးနောက် လားရှိုးမြို့၌ လေကြောင်းအန္တရာယ်သတိပေးချက်ကို MNDAA ၏ လားရှိုးမြို့ပြန်လည်ထူ​ထောင်​ရေး​ဆောင်ရွက်​နေသူတဦးက သတိပေးသည်။

“ဆွေးနွေးပွဲက မအောင်မြင်ဘူးလို့တော့ကြားရတာပဲ။အဲ့ဒါကြောင့်မလို့ ပြည်သူတွေအနေနဲ့ အဓိက ကတော့ လေကြောင်းအန္တရာယ်ကို ဂရုစိုက်ကြပါ။ လေကြောင်းတိုက်ခိုက်မှု မဖြစ်တာကြာပြီပဲဆိုပြီး ပေါ့ပေါ့ဆဆ မနေကြပါနဲ့။ အထူးဂရုစိုက်ပါ။ စကစ သောက်ရူးတွေရဲ့ စိတ်က မမှန်ကြလို့ပါ”ဟု ၎င်းက လူမှုကွန်ရက်မှတစ်ဆင့်မတ်လ ၂၄ရက်ည၌သတိပေးသည်။

MNDAAနှင့်စစ်ကောင်စီသည်ကူမင်းမြို့တွင် မတ်လ ၂၂ ရက်နေ့မှစ၍ တွေ့ဆုံကြပြီး နယ်မြေအုပ်ချုပ်ရေးနှင့် ပတ်သက်ပြီး ညှိနှိုင်းမရသည့်အခြေအနေဖြစ်နေကြောင်း သတင်းရရှိသည်။MNDAA ကို လားရှိုးမြို့မှဆုတ်သွားပေးရန် စစ်ကောင်စီက တောင်းဆိုခဲ့သည့်အတွက်ကြောင့် သဘောတူညီချက်မရရှိခဲ့ဘဲ ဆွေးနွေးပွဲမအောင်မြင်ခဲ့ခြင်းဟု ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ရေး သတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

“ဆွေးနွေးပွဲကအဆင်မပြေဘူး။ဒါဆိုလေကြောင်းက စိုးရိမ်ရတယ်။ တော်တော်လေးသတိထားနေရမှာဟုတ်တယ်။ဆွေးနွေးပွဲရလဒ်ကလည်း စစ်ကောင်စီ လားရှိုးကိုပြန်ဝင်မလာရေးပဲအရေးကြီးတာ”ဟုလားရှိုးမြို့ဒေသခံတစ်ဦးကပြောသည်။

မတ်လ ၂၀ ရက်ညတွင် ဒေသခံအချို့က MNDAAအ​နေဖြင့် လားရှိုးမှပြန်လည် မဆုတ်ခွာရန်နှင့် တရုတ်အစိုးရ၏ ဝင်ရောက်စွက်ဖက်နေမှုများအား ရပ်တန့်ပေးရန် ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။

မြန်မာအရေးအပေါ် တရုတ်အစိုးရ၏ ဝင်ရောက်စွက်ဖက်နေမှုများချက်ချင်းရပ်တန့်ပေးရန် တောင်းဆိုသည့် ဓာတ်ပုံ၊ စာသားများအား မြို့ နေရာအချို့၌ လိုက်လံကပ်ခဲ့ခြင်းဖြစ်သည်။

လားရှိုးမြို့တွင် MNDAA အုပ်ချုပ်ရေး ယန္တရားများ ဆက်လက်လည်ပတ်နေပြီး လာမည့် သင်္ကြန်ပွဲတော်ကိုလည်း စည်စည်ကားကား ကျင်းပမည်ဖြစ်ကြောင်း MNDAAဘက်က သတင်းထုတ်ပြန်ထားသည်။

MNDAAအပြင် စစ်ကောင်စီသည်တရုတ်အစိုးရ၏ဖိအား​ပေးမှုဖြင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့်လည်း ဆွေးနွေးခဲ့သည်။ TNLAနှင့် စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလလယ်က ကူမင်းမြို့၌‌ ‌ဆွေးနွေးမှုအဆင်မပြေခဲ့ကြောင်း TNLAက ဖေ‌ဖော်ဝါရီလ ၁၉ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။ထို့နောက် နာရီပိုင်းအကြာတွင် စစ်ကောင်စီက နောင်ချိုမြို့ကိုဗုံးကြဲတိုက်ခိုက်ခဲ့သည်။ဒေသခံ သုံးဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့သည်။

လက်ရှိကာလသည် မြောက်ပိုင်းညီနောင်သုံးသုံးဖွဲ့အတွက် အစမ်းသပ်ခံကာလဖြစ်ပြီး စည်းလုံးညီ

ညွတ်မှုနှင့် နားလည်မှုပိုခိုင်မာအောင် လုပ်ဆောင်သွားမည်ဟုမတ်လ ၁၁ ရက်နေ့က ကျင်းပသည့် MNDAA ၏ (၃၆) နှစ်မြောက်တပ်မတော်နေ့အခမ်းအနားသို့ TNLAနှင့် အာရက္ခတ​ပ်တော် (AA) က သဝဏ်လွှာပေးပို့ခဲ့သည်။ ရင်ဆိုင်ရမည့် စိန်ခေါ်မှုများကိုညီနောင်မဟာမိတ်ပီသစွာဖြင့် စုစည်းကျော်ဖြတ်သွားရန် အမြဲအသင့်ရှိသည်ဟု TNLA နှင့်AAက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေကအပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း(ILO)က ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့ တောင်းဆိုတဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၄)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မကွေးတိုင်း၊ပေါက်မြို့နယ်၊‌ ရေနယ်နံ‌မှော်အနီး နယ်သတ်ကျေးရွာကို စစ်ကောင်စီတပ်က မီးလောင်ဗုံးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၄ဦးခန့် ထိခိုက်ဒဏ်ရာရပြီး နေအိမ်တစ်လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း(ILO)က ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့ တောင်းဆိုတဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၃)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မကွေးတိုင်း ၊ ရေစကြိုမြို့နယ် ၊ရေလယ်ကျွန်းဒေသ ရှိ မိုးကွဲရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ဒေသခံ ပြည်သူ ၅၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ ရေစကြိုမြို့နယ်အချက်အလက်ကော်မတီ( Yesagyo Township Info Committee ) ထံက သိရပါတယ်။