close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမှာ ILOက ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့ တောင်းဆိုဆန္ဒပြ

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေကအပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း(ILO)က ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့ တောင်းဆိုတဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၄)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

မတ်-၂၄ ၊၂၀၂၅။သုည/People’s Spring

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း(ILO)က ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့ တောင်းဆိုတဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၄)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြောက်ခြမ်းမှာ အောင်လံလွှင့်မည် ရွှေရေကြည် လူထုသပိတ်စစ်ကြောင်းက “ILO implement Article 33 On Myanmar Now 2025” ခေါင်းစဥ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ် ဆန္ဒပြခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ်မှာလည်း လက်ပံတောင်းဒေသ အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုက အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း(ILO)က ပုဒ်မ (၃၃) အရ စစ်ကောင်စီကို ချက်ချင်းအရေးယူနိုင်ဖို့အတွက် “ILO implement Article 33 On Myanmar Now 2025” ခေါင်းစဥ်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ရုရှားရဲ့ကျူးကျော်စစ်ကို တွန်းလှန်နေဆဲဖြစ်တဲ့ ယူကရိန်းနဲ့အတူ ရပ်တည်ကြောင်း “We Stand With Ukraine” စာသားပါ အလံကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီသပိတ်က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနဲ့ စစ်ကောင်စီရဲ့ မတရားတဲ့ စစ်မှုထမ်းဥပဒေကို အလိုမရှိကြောင်း အပါအဝင် ”ILo implement Article 33 On Myanmar Now 2025” စာသားတွေ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်

ဆက်စပ်သတင်းများ

သတင်း

တရုတ်အစိုးရ၏အစီအစဉ်ဖြင့်တရုတ်နိုင်ငံကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးနေသည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) နှင့် စစ်ကောင်စီဆွေးနွေးပွဲတွင် သဘောတူညီချက်မရရှိဘဲ ပြီးဆုံသွားပြီးနောက် လားရှိုးမြို့၌လေကြောင်းအန္တရာယ်သတိပေးချက်ကို MNDAA ၏ လားရှိုးမြို့ပြန်လည်ထူ​ထောင်​ရေး​ဆောင်ရွက်​နေသူတဦးက သတိပေးသည်။

သတင်း

မကွေးတိုင်း၊ပေါက်မြို့နယ်၊‌ ရေနယ်နံ‌မှော်အနီး နယ်သတ်ကျေးရွာကို စစ်ကောင်စီတပ်က မီးလောင်ဗုံးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၄ဦးခန့် ထိခိုက်ဒဏ်ရာရပြီး နေအိမ်တစ်လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း(ILO)က ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့ တောင်းဆိုတဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၃)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မကွေးတိုင်း ၊ ရေစကြိုမြို့နယ် ၊ရေလယ်ကျွန်းဒေသ ရှိ မိုးကွဲရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ဒေသခံ ပြည်သူ ၅၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ ရေစကြိုမြို့နယ်အချက်အလက်ကော်မတီ( Yesagyo Township Info Committee ) ထံက သိရပါတယ်။