close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲနဲ့ စစ် အာဏာရှင်စနစ်ကိုဆန့်ကျင်ကြဖို့ စစ်ကိုင်းတိုင်းမှာ ဆန္ဒပြ

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲနဲ့ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ကြဖို့ ဆန္ဒပြသပိတ်တွေ ဒီကနေ့ (မတ်လ ၁၂)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ လက်ပံတောင်းသပိတ်

သုည/People’s Spring

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲနဲ့ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ကြဖို့ ဆန္ဒပြသပိတ်တွေ ဒီကနေ့ (မတ်လ ၁၂)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သော ရဲဘော်ဇိုးလေး ကျဆုံးခြင်း (၄)လ ပြည့်အဖြစ် ဂူဗိမာန် ရှိရာသို့ ချီတက် အလေးပြုခဲ့ပြီး “အဆုံးသတ်တိုက်ပွဲကို အာဇာနည်တွေ သွေးနဲ့ရေးထိုးကြ” စာသားနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီသပိတ် စစ်ကြောင်းက ဦးဆောင်ကာ “ပြ​ည်သူ့ယန္တရားဆိုတာ ပြည်သူကပဲ ရွေးချယ်ရမယ်” ၊ “စုစည်းချိန်တန်ပြီ”၊ “အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြ” စတဲ့စာသားတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း သပိတ်အင်အားစုက အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းရဲ့ ပုဒ်မ (၃၃) အရ စစ်ကောင်စီကို ချက်ချင်းအရေးယူနိုင်ရေးအတွက် “ILO implement Article 33 On Myanmar Now 2025” ခေါင်းစဥ်နဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း(ILO)ရဲ့ ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၁၁)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ရန်ကုန်မြို့ရှိ စက်မှုဇုန်များနှင့် နေရာအချို့တွင် တော်လှန်လူငယ်အချို့က ဦးဆောင်ကာ "ILO A 33 MYANMAR 2025"အင်္ကျီများ ဝတ်ဆင်ပြီး အလုပ်သမားထုအပေါ် စစ်ကောင်စီ၏ ဖိနှိပ်နေမှုများအား ILOညီလာခံတွင် အရေးယူပေးရန် တောင်းဆိုသည့် လှုပ်ရှားမှုကို ယနေ့ (မတ်လ ၁၀) ပြုလုပ်ခဲ့သည်။

သတင်း

သုည/People’s Spring အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တော်ခန်းမရှေ့တွင် ပြည်ပရောက်​ မြန်မာများက (၁၅၂)ကြိမ်မြောက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုကို ယနေ့ (မတ်လ ၉) ပြုလုပ်ခဲ့သည်။ အဆိုပါဆန္ဒပြမှုကို “အထွေထွေအကျပ်အတည်းအောက်က ရုန်းထွက်ကြ ဘုံရန်သူကို ထွက်ပေါက်မပေးကြနဲ့” ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ပြီး Free Burma Action...

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၄)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

Facebook