close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ လေကြောင်းရန်ကြောင့် KNU နယ်မြေရှိ ကျောင်းသားများ ရာဘာတောအတွင်း စာမေးပွဲဖြေ

စစ်ကောင်စီက စာသင်ကျောင်းများအပါအဝင် အရပ်သားနေထိုင်ရာများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်နေမှုကြောင့် ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေရှိ ကျောင်းသားများမှာ ရာဘာတောအတွင်း စာမေးပွဲဖြေဆိုခဲ့ကြရကြောင်း KNU ဗဟိုနှင့် သတင်းရင်းမြစ်အချို့က ပြောသည်။

စစ်ကောင်စီ လေကြောင်းရန်ကြောင့် KNU နယ်မြေရှိ ကျောင်းသားများ ရာဘာတောအတွင်း စာမေးပွဲဖြေဆိုနေစဉ်။ ဓာတ်ပုံ - KNU

ဟန်နွေ/People’s Spring

စစ်ကောင်စီက စာသင်ကျောင်းများအပါအဝင် အရပ်သားနေထိုင်ရာများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်နေမှုကြောင့် ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေရှိ ကျောင်းသားများမှာ ရာဘာတောအတွင်း စာမေးပွဲဖြေဆိုခဲ့ကြရကြောင်း KNU ဗဟိုနှင့် သတင်းရင်းမြစ်အချို့က ပြောသည်။

KNU ဗဟို၏ ယနေ့(မတ်လ ၂၂ရက်)နံနက် ထုတ်ပြန်ချက်တွင် လေကြောင်းတိုက်ခိုက်မှုနှင့် အကြောက်တရားများကြားမှ ဝင်းရေးမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်) ကရင်ပညာရေးနှင့် ယဉ်ကျေးမှု ဌာန၏ ကော်သူးလေ အစိုးရစစ်စာမေးပွဲအား ဖြေဆိုပြီးစီးကြောင်း ဖော်ပြခဲ့သည်။

စစ်ကောင်စီ လေကြောင်းရန်ကြောင့် KNU နယ်မြေရှိ ကျောင်းသားများ ရာဘာတောအတွင်း စာမေးပွဲဖြေဆိုနေစဉ်။ ဓာတ်ပုံ – KNU

ထို့ပြင် ရာဘာတောအတွင်း စာသင်ခုံများချ၍ စာမေးပွဲဖြေဆိုခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများ၏ မှတ်တမ်းဓာတ်ပုံကိုလည်း ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ကရင်အမျိူးသားအစည်းအရုံးအုပ်ချုပ်နယ်မြေများတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများရှိနေသော်လည်း တပ်မဟာ(၆) နယ်မြေ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်တွင် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန၏ ကော်သူးလေ အစိုးရစစ်စာမေးပွဲကို တာဝန်ရှိခေါင်းဆောင်များနှင့် ကျောင်းဆရာ၊ဆရာမများ၏ ပူးပေါင်းဆောင်ရွှက်မှုဖြင့် မတ်လ ၁၄ရက်က အောင်မြင်စွာဖြေဆိုပြီးစီးခဲ့ဟု KNUက အသိပေးသည်။

အဆိုပါ ကော်သူးလေအစိုးရစစ် စာမေးပွဲအား Karen Education Culture Department (KECD) Grade – 6၊9၊12 စသည့် အတန်းပညာရေးကျောင်းသား ကျောင်းသူများမှ နှစ်စဉ်နှစ်တိုင်းဖြေဆိုရခြင်း ဖြစ်သည်ဟု ထုတ်ပြန်သည်။

“အခုလောလောဆယ်ကတော့ ဒါကတော့ အဲဒီ တပ်မဟာ(၆)တခုတည်းမဟုတ်ပါဘူး အခြား ခရိုင်တွေမှာလည်း ကျောင်းတွေ တခြားဆေးရုံဆေးခန်းတွေ အားလုံးသတိထားရ(လေကြောင်းရန် သတိထားရ)တာပေါ့”ဟု KNU သတင်းရင်းမြစ်က နယ်မြေအတွင်း စစ်ကောင်စီ လေကြောင်းရန်အား ဂရုပြုနေထိုင်ရမှု အခြေအနေကို ပြောသည်။

စစ်ကောင်စီ လေကြောင်းရန်ကြောင့် KNU နယ်မြေရှိ ကျောင်းသားများ ရာဘာတောအတွင်း စာမေးပွဲဖြေဆိုနေစဉ်။ ဓာတ်ပုံ – KNU

စစ်ကောင်စီသည် KNU အုပ်ချုပ်နယ်မြေများအတွင်းရှိ အရပ်သားနေထိုင်ရာနေရာများကို လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေ၍ အရပ်သားပြည်သူသေဆုံးထိခိုက်မှုများ ရှိပြီး ကျောင်းသား၊ကျောင်းသူ၊ ကလေးငယ်များလည်း ထိခိုက်သေဆုံးခဲ့ရမှုများ ရှိခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၄၂ဦးထက်မနည်းသေဆုံးကာ ၃၆၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

သေဆုံးသူများတွင် ကလေးငယ် ၂၂ဦး ပါဝင်သည်။ ထို့ပြင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ၁၂ ကျောင်း၊ နေအိမ် ၂၀၀ ကျော်၊ ဘာသာရေး အဆောက်အဦး ၂၇လုံး၊ ကျန်းမာရေးအဆောက်အဦး ၁၅လုံး ထိခိုက်ပျက်စီးခဲ့ရဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

Facebook